ဒဂုံမြိုသစ် (တောင်ပိုင်း) တွင် သင်္ကန်းဝတ်ပြီး မိသားစုနှင့် အတူနေကာ အလှူခံနေသူ နှစ်ဦးအား ဖမ်းဆီး

စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒသကြီး၊ ဒဂုံမြိုသစ် (တောင်ပိုင်း) တွင် သင်္ကန်းဝတ်ပြီး မိသားစုနှင့် အတူနေသူကာ အလှူခံနေသူ နှစ်ဦး အား ဖမ်းဆီး အမှုဖွင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ၏ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၂) ရက်၊ နံနက်ပိုင်းက ယင်းမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဌ နှင့် သံဃာတော်များ၊ အရပ်ဘက် တာဝန်ရှိသူများက အမှတ်( ၁၀၆ ) ရပ်ကွက်အတွင်း၌ သံဃာ့နာယက၏ သာသနာဝင်အမှတ်မရှိဘဲ သင်္ကန်းဝတ်ဆင်၍ လူနေအိမ်တွင် မိသားစုများနှင့်အတူနေထိုင်လျက်ရှိကြောင်းသတင်းအရ သွားရောက် ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာ သဟာရလမ်း ရှိ နေအိမ်တွင် အသက် (၆၇) နှစ်အရွယ်ရှိသော ဦးကံမြင့်ဆွေနှင့် ယင်းနေ့ နံနက် (၇) နာရီ (၄၀)မိနစ်ခန့်တွင်လည်း မြဝတ်ရည်လမ်းသွယ်တွင်နေထိုင်သော အသက် (၅၅)နှစ်အရွယ်ရှိ ဦးကျော်ကျော် တို့နှစ်ဦးအား သင်္ကန်းဝတ်နှင့် နေအိမ်တွင် မိသားစုနှင့်အတူနေထိုင်ပြီး အလှူခံစားသောက်နေသည်ကိုတွေ့ရသဖြင့် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းမိသူ (၂) ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းတွင် သာသနာတော်ညှိုးနွမ်းအောင်ပြုလုပ်ခဲ့သောကြောင့် ဖမ်းဆီးအရေးယူထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image