ဆောက်သမ်တန်နဲ့ပွဲမှ အနီကတ်ပြစ်ဒဏ်အတွက် ပြန်လည်တောင်းပန်လိုက်တဲ့ Hugo Ekitike

စက်တင်ဘာ ၂၄

ယင်းပွဲစဉ်တွင် Ekitike သည် ပွဲချိန် မိနစ် ၅၀ ကျော်တွင် ပထမအကြိမ် အဝါကတ်ပြစ်ဒဏ်ထိထားပြီး ပွဲချိန် ၈၅ တွင် အသင်းအတွက် အနိုင်ဂိုးသွင်းယူပြီးနောက် အင်္ကျီချွတ်ကာ အောင်ပွဲခံခဲ့မှုကြောင့် ဒုတိယအဝါကတ်အပြခံရကာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ဖြစ်ရခြင်းမှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် စိတ်လှုပ်ရှားလွန်းပြီး ဖြစ်သွားခဲ့တာဖြစ်ကြောင်း၊ အနီကတ်ပြစ်ဒဏ်အတွက် အားလုံးကို တောင်းပန်ကြောင်း ပြောကြားလိုက်ပါတယ်။

အခုအနီကတ်ပြစ်ဒဏ်ကြောင့် Ekitike မှာ လာမယ့်စနေနေ့မှာ ကစားမယ့် ပဲလေ့စ်အသင်းနဲ့ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။

Credit Photo

#sbdsports

image