❝တောင်ဥက္ကလာပမြို့နယ်မှာ အမျိုးသမီးတစ်ဦးကို ဘေးတွဲမောင်းသူက ဓားနဲ့ထိုးလို့ ဒဏ်ရာရ❞

စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ (၄ )ရပ်ကွက်၊ ပါရမီလမ်းမပေါ်က ပါဝါမိုဘိုင်းဖုန်းဆိုင်အနီးမှာ စက်တင်ဘာ ၂၃ ရက်၊ ည ၁၀ နာရီ ၈ မိနစ်အချိန်ခန့်က လမ်းဘေးရပ်နေသူ အမျိုးသမီးတစ်ဦးကို ဘေးတွဲဆိုင်ကယ်မောင်းသူက ဓားနဲ့ထိုးသွားတဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါအမျိုးသမီးဟာ ကားစောင့်နေတာလား၊ ဘာလုပ်နေတာလဲဆိုတာ တော့မသိရဘဲ ဖုန်းဆိုင်ဘေးမှာရှိတဲ့ အိမ်တစ်အိမ်ရဲ့ရှေ့မှာ ရပ်နေစဥ် လူ ၂ ဦး ဘေးတွဲဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီး ရပ်နေတဲ့ အမျိုးသမီးကို လိပ်စာတစ်ခုမေးရာကနေ ၎င်းအမျိုးသမီးက မသိရှိကြောင်း ပြန်ပြောတဲ့အချိန်မှာ လည်ပင်းကို ဓားနဲ့ထိုးသွားခဲ့တာလို့ ဖြစ်စဥ်အနီး နေထိုင်သူတွေက ဆိုပါတယ်။

အဲဒီလို ဓားနဲ့အထိုးခံရစဥ်မှာ ၎င်းအမျိုးသမီးက အော်လိုက်တဲ့အတွက် ဖုန်းဆိုင်မှာရှိနေတဲ့ လုံခြုံရေးတွေ ပြေးထွက်လာတဲ့အခါမှာတော့ ဓားနဲ့ထိုးသူဟာ ဘေးတွဲဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားခဲ့လို့ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ဓားထိုးခံရတဲ့အမျိုးသမီးကတော့ လည်ပင်းမှာ ထိုးသွင်းဒဏ်ရာရပြီး သွေးထွက်လွန်နေတဲ့အတွက် မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက တောင်ဥက္ကလာပဆေးရုံကြီးကို အချိန်မှီပို့ဆောင်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image