5 ပတ် - ဘာသာပြန်ပါ။

၅ ပွဲဆက် အနိုင်ရတဲ့အထိ ဆံပင်မညှပ်ဘူးလို့ စိန်ခေါ်ထားတဲ့ ပရိသတ် ဆံပင်ဆွဲ တိုက်ခိုက်ခံရမှုအား ယူနိုက်တက် စုံစမ်းစစ်ဆေးလာ

စက်တင်ဘာ ၂၄

ယူနိုက်တက်ဟာ ချဲလ်ဆီးအား ၂-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲအတွင်းတွင် ပရိသတ်တစ်ဦး တိုက်ခိုက်ခံရတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

ကိုယ့်ကိုယ်ကို 'The United Strand' လို့ အမည်ပြောင်ပေးထားတဲ့ ဖရန့်အီလက်အမည်ရှိ ယူနိုက်တက်ပရိသတ်ဟာ ငါးပွဲဆက် နိုင်ပွဲရတဲ့အထိ ဆံပင်မညှပ်ဘူးလို့ စိန်ခေါ်မှု ပြုလုပ်ထားသူ ဖြစ်ပြီး နေ့စဉ် အွန်လိုင်းတွင် ဆံပင်မညှပ်တာ ဘယ်နှစ်ရက်ရှိပြီဆိုပြီး ပို့စ်တင်ရာမှ အွန်လိုင်းတွင် နာမည်ကြီးလာသူ ဖြစ်ပါတယ်။

သူဟာ အိုးထရက်ဖို့ဒ်ကွင်းတွင် ချဲလ်ဆီးအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာတော့ အခြားပရိသတ်များက ကလပ်ကို အရှက်သလို ဖြစ်နေတဲ့ သူ့လုပ်ရပ်ကြောင့် အခြားပရိသတ်များရဲ့ ဆဲဆိုခြင်းခံခဲ့သလို အခြားပရိသတ်တစ်ဦးရဲ့ ဆံပင်ဆွဲတိုက်ခိုက်ခြင်းပါ ခံခဲ့ရပါတယ်။

ယနေ့တွင် Daily Mail ရဲ့ ဖော်ပြလာမှုအရ ယူနိုက်တက်ဟာ အိုင်ဆက်အား တိုက်ခိုက်ခဲ့တဲ့ ပရိသတ်အား ရှာဖွေမှု ပြုလုပ်နေပြီး ပြင်းထန်စွာ အရေးယူရန် စီစဉ်နေကြောင်း သိရပါတယ်။

တဖက်တွင် ယူနိုက်ကတ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတုန်းက အဲရစ်တန်ဟက် လက်အောက်တွင် နောက်ဆုံးအကြိမ် ၅ ပွဲဆက် နိုင်ပွဲ ရရှိပြီးနောက် ၅ ပွဲဆက် နိုင်ပွဲ ရရှိလာခြင်း မရှိပါဘူး။

တနင်္ဂနွေနေ့တုန်းက ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်အနေဖြင့် ၅ ပွဲဆက် နိုင်ပွဲ ရရှိရေးအတွက် ဘရန့်ဖို့ဒ်၊ ဆန်းဒါးလန်း၊ လီဗာပူး၊ ဘရိုက်တန်တို့အား ဆက်လက် နိုင်ပွဲ ရရှိရန် လိုအပ်နေပါတယ်။

ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၂ ပွဲတည်းသာ အနိုင်ပွဲ ရရှိထားတဲ့ ယူနိုက်တက်အတွက် ၅ ပွဲဆက် နိုင်ပွဲ ရရှိရေးက ဖြစ်လာမဲ့ကိန်းမှာတော့ မရှိပါဘူး။

#ဘောလုံးသတင်းစုံ

image