ဘန်ကောက် ဝချီရဆေးရုံကြီးရှေ့၌ မြေကျွံကျ၊ အတွင်းလူနာအချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်း
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒုဆစ်နယ်မြေ၊ ဝချီရဖယားဘန်းရပ်ကွက်၊ ဆမ်ဆဲန်လမ်းမကြီးပေါ်က ဝချီရဖယားဘန်းဆေးရုံကြီးရှေ့မှာ စက်တင်ဘာ ၂၄ ရက် ဒီမနက် ၇ နာရီကျော်က မြေကျွံကျလို့ ကြီးမားတဲ့အပေါက်ကြီး ဖြစ်သွားပါတယ်။
မြေကျွံကျမှုမှာ ၇ နာရီ ၁၃ မိနစ်က တကြိမ်၊ ၇ နာရီ ၂၄ မိနစ်မှာ တကြိမ်၊ ၂ ကြိမ်ဖြစ်ပွားပြီး အကျယ် ၃၀ စတုရန်းမီတာနဲ့ အနက် မီတာ ၅၀ ထိ တွင်းကြီးဖြစ်သွားတယ်။ လမ်းဘေးဓာတ်တိုင် ၂ တိုင်နဲ့ အဲဒီနေရာမှာ ရပ်ထားတဲ့ မော်တော်ကား ၂ စီးပါ တွင်းထဲ ပြုတ်ကျသွားပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။



