5 ပတ် - ဘာသာပြန်ပါ။

နျူကလီးယားနဲ့ ဆက်စပ်စက်မှုလုပ်ငန်းတွေအတွက် အကြီးမားဆုံးဖိုရမ်တက်ရောက်ဖိုရှိနေတဲ့ နိုင်ငံတော်ယာယီသမ္မတ ရုရှားကို နေ့မနက်ထွက်ခွာ
********************
(ပြည်တွင်း) စက်တင်ဘာ ၂၄
ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ နိင််ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့ မနက် ၇ နာရီခွဲလောက်က နေပြည်တော် တပ်မတော်လေဆိပ်ကနေ ထွာခွာသွားတယ်လို့ သိရပါတယ်။

အခုသွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူ သီတင်းပတ် ဖိုရမ်-၂၀၂၅ (World Atomic Week Forum-2025) တက်ရောက်မှာဖြစ်သလို ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် အပါအဝင် ရုရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပါတယ်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ လာမယ့် စက်တင်ဘာ ၂၅ ရက်ကနေ ၂၈ ရက်ထိ ကျင်းပမယ့် World Atomic Week Forum-2025 ဟာ နျူကလီးယား နဲ့ ဆက်စပ်စက်မှု လုပ်ငန်းတွေအတွက် အကြီးမားဆုံးပွဲ ဖြစ်တယ်လို့သိရပါတယ်။

အဲဒီ အခမ်းအနားကို နျူကလီးယား ပရိုဂရမ်တွေ ဖော်ဆောင်နေတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေ ၊ ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင်သူတွေ နဲ့ ကုမ္ပဏီကြီးတွေရဲ့ အကြီးအကဲတွေ တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖိုရမ်ကိုတော့ ရုရှားနျူကလီးယားလုပ်ငန်းရဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

image