ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားခရီးစဥ် စတင်ထွက်ခွာ
စက်တင်ဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ် (World Atomic Week 2025)သို့ တက်ရောက်ရန်အတွက် ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
အဆိုပါ ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ် (World Atomic Week 2025)ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ယင်းခရီးစဥ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#centralnewsnaypyitaw


+5


