5 w - Translate

ပုဗ္ဗသီရိမြို့နယ်တွင် ရေကြီးရေလျှံ ရေဘေးသင့်သူများကိုဘေးလွတ်ရာရွှေ့ပြောင်းပေး
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း မိးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ည ၉ နာရီခန့်တွင် တပင်ရွှေ ထီးရပ်ကွက်၊ ညောင်လူးကျေးရွာနှင့် အင်ကြင်းစုကျေး ရွာတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ နေအိမ်များအတွင်း၌ ရေဝင်ရောက်၍ရေဘေးသင့်သူများရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက တပင်ရွှေထီးရပ်ကွက်၊ သာယာဝတီ(၂)လမ်းမှ အမျိုးသမီး(၁)ဦး၊ တပင်ရွှေထီးရပ်ကွက်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းဝန်း၊ ဝန်ထမ်းအိမ် ရာမှ အမျိုးသား(၂)ဦးနှင့် အမျိုးသား(၁)ဦးတို့အား ရေဘေးလွတ်ကင်းရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

imageimage