ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် မြန်မာအသင်းမှ AI အသုံးပြု ရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကား တီထွင်ရာပထမဆု ရရှိ
နေပြည်တော်၊ စက်တင်ဘာ ၂၃
ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံများမှာ မြန်မာ၊ ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ် နှင့် မကာအို စသည့် နိုင်ငံများဖြင့် ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံကိုယ်စားပြု We are genius Myanmar အသင်းမှ AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ဖြင့် ပထမဆုရရှိခဲ့တာပါ။
ထိုစက်ရုပ်ကားဟာ သဘာဝဘေးဒဏ်အန္တရာယ်ကျရောက်တဲ့ အခြေအနေများတွင် လူဝင်ရောက်ရန် ခက်ခဲတဲ့နေရာများ၌ အလိုအလျောက်သွားလာစနစ်ဖြင့် ရှာဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန်ရည် ရွယ်ထုတ်လုပ်ပြသခဲ့ခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် AI အသုံးပြုရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သူများမှာ We are genius Myanmar အသင်းမှ အသက်(၁၁) နှစ်အရွယ်ရှိတဲ့ မိုးပြည့်စုံကျော်၊ အသက်(၁၁) နှစ်အရွယ် ကျော်ဘုန်း ခန့်ဇော် နှင့် အသက်(၁၂) နှစ်အရွယ် ဉာဏ်ကိုးတို့ဖြစ်ပါတယ်။
အဆိုပါ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု We are genius Myanmar အသင်း၊ ILBC၊ CIY Club တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။
Photo-Credit
#democracynowmm




