မန်စီးတီးနှင့်ပွဲတွင် ရရှိတဲ့ ဒူးဒဏ်ရာကို အာဆင်နယ်စတားမာဒူကီ စစ်ဆေးမည်
စက်တင်ဘာ ၂၃
နိုနီမာဒူကီဟာ ယနေ့တွင် မန်စီးတီးနှင့်ပွဲစဉ်တွင် ရရှိခဲ့တဲ့ ဒူဒဏ်ရာအား စစ်ဆေးမှု ပြုလုပ်လာပါမယ်။
အာဆင်နယ်တောင်ပံကစားသမားဟာ တနင်္ဂနွေနေ့ညတုန်းက အမ်းမရိတ်တွင် မန်စီးတီးနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဘာကူယိုဆာကာနှင့် လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
အစောပိုင်းတုန်းက အာတီတာဟာ မာဒူကီရဲ့ ဒဏ်ရာကို ပြောဆိုခဲ့ခြင်း မရှိပေမဲ့လည်း ယခုအခါမှာတော့ ညာဖက်ဒူးဒဏ်ရာဖြစ်ကြောင်း အတည်ပြုလာပြီ ဖြစ်ပါတယ်။
မာဒူကီဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ချဲလ်ဆီးမှ အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းဖြင့် ပြောင်းလာခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၅ ပွဲတွင် ၄ ပွဲကစားခဲ့ရာမှာ ဂိုး (သို့မဟုတ်) ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။