ဝါးနက်ဆင်စခန်းသို့ လာရောက်လည်ပတ်သူများပြား
မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေးတွင်ရှိသည့် ဝါးနက်ဆင်စခန်းသို့ လာရောက်လည်ပတ်သူများပြားကြောင်း သိရသည်။
သတင်းကျွတ်ပိတ်ရက်တွင် အပန်းဖြေသင့်သည့်နေရာများအနက် မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ (၁၆)မိုင်ဂိတ်ကနေ (၅) မိုင်ခန့်အကွာမှာရှိသည့် ဝါးနက်ဆင်စခန်းလည်းတစ်ခုအပါအဝင်ဖြစ်သည်။
ဆင်များဖြင့် ဝန်ဆောင်မှုပေးနေသည့် ဝါးနက်ဆင်စခန်းကို လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည် များပြားလာကြောင်း သိရသည်။
အဆိုပါဆင်စခန်းတွင် ဆင်ကြီး (၈)ကောင်နှင့် ဆင်ပေါက် (၃)ကောင်ရှိပြီး ဆင်များကို ဆင်စာဘူးဖေး ကျွေးသူများ တစ်ပိုင်တစ်နိုင်ဆင်စာကျွေးသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆင်စခန်းသို့ တစ်လလျှင် လာရောက်လည်ပတ်သူ ၁,၀၀၀ / ၁,၅၀၀ ဝန်းကျင် ရှိပြီး ဝင်ကြေးအနေဖြင့် ပြည်တွင်း ဧည့်သည်ဆိုပါက (၁,၀၀၀) ကျပ်၊ ပြည်ပဧည့်သည်ဆိုပါက (၁၀,၀၀၀)ကျပ်၊ ဆင်စီးခနှုန်းထားများမှာ ပြည်တွင်း (၅,၀၀၀) ကျပ်နှင့် ပြည်ပ (၁၀,၀၀၀) ကျပ်ကောက်ခံကြောင်း သိရသည်။
ဆင်စခန်းသို့ လာရောက်လည်ပတ်သည့် ဧည့်သည်များကို ဆင်များက ဖျော်ဖြေတင်ဆက်ခြင်း၊ တောတွင်းခရီး (၃ဝ) မိနစ် ဆင်စီးခရီးနှင့် ဝန်ဆောင်မှုပေးခြင်း၊ ဆင်များကို အစာကျွေးခြင်းစသည့် ဝန်ဆောင်မှုများနှင့်အတူ အပန်းဖြေအနားယူနိုင်ကြောင်း သိရသည်။


