ကျိုက်ထီးရိုးတောင်တက်ယာဉ်များ အောက်တိုဘာ ၁ ရက်မှာ စတင်ပြေးဆွဲမည်
စက်တင်ဘာ ၂၃
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ တောင်တော်ဖွင့်ပွဲ ရောက်တော့မည်ဖြစ်သဖြင့် တောင်တက်ယာဉ်များကို လာမည့် အောက်တိုဘာလ ၁ ရက်မှ စတင်ကာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
ဘုရားဖူးပြည်သူများ သွာလာရေးအဆင်ပြေစေရန်အတွက် တောင်တက်မော်တော်ယာဉ် ၁၅၂ စီးကို အသုံးပြုသွားမှာဖြစ်သလို ဘုရားဖူးလာပြည်သူများ တည်းခိုရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးအတွက် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဘက်ရည်ဆိုင်များကိုလည်း နေရာချထားပေးပြီး ပြန်လည်ပြုပြင်ဆောင်ရွက်နေသည်ဟုဆိုသည်။
အဆိုပါ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ခုနစ်လတိုင်တိုင် ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအပြင် ပြည်ပခရီးသွားဧည့်သည်များပါ ဝင်ရောက်လေ့ရှိကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး