17 w - Translate

ဒလမြို့အဝေးပြေးကားဂိတ်ကို လှိုင်သာယာပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်
စက်တင်ဘာ ၂၃ - ၂ဝ၂၅

ကိုရီးယား-မြန်မာချစ်ကြည်ရေး(ရန်ကုန်- ဒလ)တံတားသစ်ကြီးဖွင့်လှစ်ပြီးစီးသွားပါကဒလမြို့နယ်ကအ ဝေးပြေးကားဂိတ်ကို လှိုင်သာယာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
လက်ရှိမှာရန်ကုန်-ဒလတံတားစီမံကိန်းဟာ လတ်တလောမှာ ၉၀ ရာ ခိုင်နှုန်းကျော်ခန့်ပြီးစီးနေပြီဖြစ်ကာ မကြာခင်မှာပင်ဖွင့်လှစ်တော့မှာဖြစ်လို့ပြင်ဆင်ဆောင်ရွက်မှု‌တွေပြု လုပ်နေတာကိုလည်းတွေ့ရပါတယ်။
"တံတားကြီးပြီးသွားလို့ရှိရင်ဒီမှာရှိနေတဲ့အဝေးပြေးကားဂိတ်ကိုလည်း လှိုင်သာယာရွှေ့မယ်လို့ကြားနေရတယ်။အဲလိုဒီသတင်း‌ တွေထွက်နေတယ်။မအူပင်တို့ဘာတို့သွား ချင်ရင်လှိုင်သာယာကနေကားစီးရမယ်ပြောတယ်။တွံ့တေးတို့ကော့မှူးတို့ကတော့ဒီကပဲသွားလို့ရဦးမယ်ထင်ပါတယ်။ဘယ်လိုဖြစ် လာဦးမလဲတော့မသိသေးဘူးပေါ့"လို့ ဒလမြို့ခံတယောက်က ပြောပါတယ်။
ရန်ကုန်တိုင်း၊ဒလမြို့နယ်ကိုအခြေ ပြုပြီးဧရာဝတီတိုင်းအတွင်းက ဒေးဒရဲ၊မအူပင်၊ဖျာပုံ၊ကျိုက်လတ်၊တွံ့တေး၊ကော့မှူး၊ကွမ်းခြံကုန်းအစရှိတဲ့မြို့ကြီးတွေကိုပြေးဆွဲပေးနေတဲ့ အဝေးပြေးယာဉ်လိုင်းပေါင်း ၂၃ လိုင်းရှိပြီးလက်ရှိမှာတော့ ယာဉ်အစီးရေ ၂ဝဝ ကျော်နဲ့ နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေတယ်လို့လည်းသိရပါတယ်။
ဒလမြို့ကအဝေးပြေးကားကွင်းပြောင်းရွှေ့ခြင်းရှိ၊မရှိနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ကတာဝန်ရှိသူထံဆက်သွယ်မေးမြန်းခဲ့ပေမယ့်ဖုန်းလက်ခံဖြေ ကြားခြင်းမရှိခဲ့ပါ။
ဒါအပြင်ဒေသခံတွေရဲ့အရပ်ပြော စကားတွေအရယခုထွက်ပေါ်နေတဲ့ ဒလမြို့ကအဝေးပြေးကားကွင်းပြောင်းရွှေ့မယ့်သတင်းနဲ့ ပတ်သက်လို့ YRTC ဘက်က သတင်းတစုံတရာထုတ်ပြန်ထားခြင်းမျိုးလည်းမတွေ့ရ‌သေးပါဘူး။
ရန်ကုန်မြစ်ကိုဖြတ်သန်းတည် ဆောက်ထားတဲ့ ရန်ကုန်-ဒလတံတားဟာလမ်းပန်းဆက်သွယ် ရေးအတွက်အလွန်အရေးပါတဲ့တံတားတစင်းဖြစ်ပြီးဒီတံတားကြီးကနေလူမှုစီးပွားဘဝတွေဖွံ့ဖြိုးတိုးတက်လာဖို့ဒေသခံတွေကမျှော် လင့်နေကြပါတယ်။
ဒါအပြင်တံတားကြီးပြီးစီးလို့ဖွင့်လှစ်ပြီးပါကဒလ၊တွံတေး၊ဆိပ်ကြီးခနောင်တို၊ကော့မှူးနဲ့ကွမ်းခြံကုန်းမြို့နယ်တွေအပါအဝင်ဧရာဝတီ တိုင်းကမြို့ကြီး‌တွေကိုရန်ကုန်မြို့ကနေလွယ် ကူလျင်မြန်စွာနဲ့သွားလာနိုင်တော့မှာလည်းဖြစ်ပါတယ်။
"တံတားကြီးပြီးသွားလို့ရှိရင်တော့တမျိုးတဖုံပြောင်းလဲလာမယ်လို့ထင်ပါတယ်"လို့ ဒလမြို့ခံတယောက်ကထပ်လောင်းပြောပြပါတယ်။
သို့သော်လတ်တလောကာလမှာဒလမြို့ကိုပြည်တွင်း၊ပြည်ပခရီးသွားဝင်ရောက်မှုတွေကနည်းပါးနေသေးတယ်လို့ဒလမြို့ခံတွေကအခုလိုဆက်ပြီးပြောပြပါတယ်။
"ခရီးသွားတွေကတော့လက်ရှိကာလမှာဒလဘက်ကိုလာတာနည်းပါတယ်။ကိုဗစ်ကာလထဲကခရီး သွားတွေလာတာနည်းသွားတယ်။ပြည်တွင်းကရောနိုင်ငံခြားသားတွေရောလာတာနည်းသွားတယ်"လို့ ဒလမြို့ခံတယောက်က ဆက်လက်ပြောပြပါတယ်။
ရန်ကုန်မြစ်ကိုလှပသပ်ရပ်စွာဖြတ် သန်းကာတည်ဆောက်နေတဲ့ရန်ကုန်-ဒလတံတားကြီးကအနာဂတ်မှာလူမှုဘဝနဲ့စီးပွားရေးအတွက် ပေါင်းကူးတံတားအဖြစ်အဓိကအခန်းကဏ္ဍကနေပါဝင်လို့နေပါတယ်။
ဒေသခံတွေအတွက်သောက်သုံးရေရှားပါးမှုကိုဖြေရှင်းဖို့ဂျိုးဖြူရေသွယ်တန်းပေးမယ့်အစီအစဉ်တွေလည်းပါဝင်တာမို့တကယ့်ကိုအ ကျိုးကျေးဇူးများတဲ့တံတားကြီးလို့ဆိုရမှာပါ။
တံတားကြီးပြီးစီးလို့ဖွင့်လှစ်ပြီးသွားပါကရန်ကုန်နဲ့ ဒလမြို့ဘက်ခြမ်းကို YBS ယာဉ်လိုင်းတွေလည်းပြေးဆွဲပေးဖို့ရှိနေတဲ့အတွက်လက်ရှိဒေ သခံတွေအားထားသွားလာနေရတဲ့ ရန်ကုန်မြစ်ကူးစက်တပ်ကူးတို့သဗ္ဗာန်ရေယာဉ်လိုင်းတွေရှိ၊မရှိဆိုတာကလည်းခရီးသည်စီးနင်းမှုအပေါ်မှာမူတည်တယ်လို့ကူးတို့သဗ္ဗာန်ရေယာဉ်လိုင်းတာဝန်ခံတယောက်ကအခုလိုပြောပြပါတယ်။
"တံတားကြီးပြီးသွားလို့ရှိရင်ဒီဘက်ကို YBS လိုင်းကားကြီးတွေပြေးမယ်ကြားတယ်။ အဲဒီ အချိန်ကျရင်တော့အခုလိုသဗ္ဗာန်စီးတဲ့သူကရှိဦးမလား၊ဆင်းလာမလားဒါကမသိရသေးဘူးပေါ့။ကားလိုင်းတွေရှိလာရင်တော့ကားနဲ့ပဲသွားချင်လည်းသွားကြမှာပေါ့။ဒီသဗ္ဗာန်လိုင်းတွေပြေးဆွဲဖို့ဆိုတာကခရီးသည်တွေစီးနင်းမှုအပေါ်မှာဘဲမူတည်ပါတယ်။ကူးတို့သဗ္ဗာန်ရေယာဉ်လိုင်းတွေပြေးဆွဲတာနဲ့ပတ်သက်ပြီးပိတ်သိမ်းဖို့၊မပိတ်သိမ်းဖို့ဆိုတာကလည်း အခုအချိန်အထိတော့ညွှန် ကြားချက်တစုံတရာပေးထားတာမျိုးမရှိပါဘူး"လို့ သူက ပြောပါတယ်။
ကိုရီးယား-မြန်မာချစ်ကြည်ရေး(ရန်ကုန်- ဒလ)တံတားကြီးဟာ သံမဏိကြိုးဆိုင်းတံတားတွေအနက်အရှည်ဆုံးနဲ့အကြီးဆုံးဖြစ်ကာတံတားအောက်ဖက်ကနေပင်လယ်ကူးကုန်တင်သင်္ဘောတွေဖြတ်သန်းသွားလာနိုင်အောင်ဒီဇိုင်းရေးဆွဲတည် ဆောက်ထားပါတယ်။
ရန်ကုန်မြစ်အတွင်းပင်လယ် ကူးသင်္ဘောကြီးတွေဖြတ်သန်းသွားလာနိုင်ဖို့အမြင့်ပေ ၁၆၀ နဲ့ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေရှိတယ်လို့သိရပါတယ်။
လက်ရှိမှာရန်ကုန်မြစ်တဖက်ကမ်းကနေဒလကိုကူးမယ်ဆိုရင်ကူးတို့သင်္ဘောကြီးစီးနင်းပါကခရီးသည်တယောက်ကို ၃ဝဝ ကျပ်ကျသင့်သလိုစက်တပ်ကူးတို့သဗ္ဗာန်ခကလည်းစီးနင်းခကျပ် ၃ဝဝ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတံတားကြီးကို ၂၀၁၉ ခုနှစ်၊မေလကစလို့တည်ဆောက်လာခဲ့တာဖြစ်ပြီးကိုရီးယား- မြန်မာချစ်ကြည်ရေးတံတားလို့လည်းအမည်တွင်ပါတယ်။
တံတားရဲ့ပင်မအရှည်ဟာ ၂၂၆၄၀ ပေရှိပြီးသံမဏိကြိုးဆိုင်းတံတားတွေထဲကအရှည်ဆုံးနဲ့အကြီးဆုံး တံတားအဖြစ်ရပ်တည်နေပါတယ်။တံတားကြီးရဲ့ခံနိုင်ဝန်ကယာဉ်တစီးချင်း ၇၅ တန်ဖြစ်ပါတယ်။

image