5 ပတ် - ဘာသာပြန်ပါ။

😔တစ်ခါတလေ ကိုယ် ဘယ်လောက်ပဲ ငြိမ်းငြိမ်းချမ်းချမ်း နေချင်နေပါစေ၊ ပတ်ဝန်းကျင်က အမြင်တွေ၊ ဝေဖန်မှုတွေကြောင့် စိတ်မသက်မသာ ဖြစ်ရတာမျိုး ကြုံဖူးမှာပါ။
🙅‍♀️အဲဒီလိုအချိန်မျိုးမှာ သူတို့စကားတွေကို လိုက်ပြီး တုံ့ပြန်နေမိရင် ကိုယ့်စိတ်ကိုယ် ပိုပြီး ပူလောင်အောင် လုပ်နေသလိုပါပဲ။ သူများတွေရဲ့ အမြင်တွေကို လိုက်ခံစားနေသမျှ ကိုယ်ဟာ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။
⚡တစ်ယောက်ယောက်ရဲ့ စကားက ကိုယ့်ကို ထိခိုက်စေတယ်ဆိုရင် ချက်ချင်းမတုံ့ပြန်ပါနဲ့။ ခဏလေး ရပ်ပြီး မျက်လုံးမှိတ်၊ အသက်ကို ရှူသွင်း ရှူထုတ် လုပ်လိုက်ပါ။ ပြီးရင် ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခု မေးကြည့်ပါ — "ဒီကိစ္စက ကိုယ့်စိတ်ငြိမ်းချမ်းမှုကို တကယ်ပဲ ထိခိုက်လောက်အောင် တန်လို့လား။"
🧠ဒီလိုလုပ်တာက စိတ်ခံစားမှုနောက်ကို မလိုက်ဘဲ ဉာဏ်နဲ့ ဆင်ခြင်ပြီး တုံ့ပြန်နိုင်မှာပါ။ သူများရဲ့ စကားလုံးတွေက ကိုဘ့်စိတ်ကို ထိန်းချုပ်ခွင့် မပေးပါနဲ့။ လူတိုင်းရဲ့ မှတ်ချက်တွေ၊ ထင်မြင်ချက်တွေက ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်နဲ့ စွမ်းအင်ကို မထိုက်တန်ပါဘူး။
✨စိတ်ငြိမ်းချမ်းမှုဟာ သူများကို ထိန်းချုပ်ရာကနေ မလာပါဘူး။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တာကနေသာ လာတာပါ။

image