လောဘကြီးတဲ့ ကြွက်ကလေး(ပုံပြင်)
~~~~~~~~~~~~~~~~~~~~~~
တစ်ခါတုန်းက မွှေးပျံ့တဲ့ပန်းလေးတွေ ဖူးပွင့်နေတဲ့ လှပတဲ့တောအုပ်လေးတစ်ခုရှိလေသတဲ့။ အဲ့ဒီတောအုပ်ထဲမှာနေတဲ့ ကြွက်ကလေးတစ်ကောင်ဟာ တောအုပ်ကိုကြည့်ပြီး ပျော်ရွှင်နေလေ့ရှိတာပေါ့
တစ်နေ့မှာတော့ ပျားရည်ရှာရင်း ပျံသန်းနေတဲ့ ပျားကလေးတစ်ကောင်ဟာ ကြွက်ကလေးနေထိုင်တဲ့ လှပတဲ့တောအုပ်ကိုရောက်လာပြီး အရမ်းပျော်သွားခဲ့တယ်။ အို..."ငါ ပျားရည်ရှာနေတာကြာပြီ။ ဒီလောက်လှတဲ့တောအုပ်ကို တစ်ခါမှမမြင်ဖူးဘူး!" ဒီနေ့တော့ ကံကောင်းတာပဲဟေ့....
ပျားကလေး ပန်းဝတ်ရည်စုပ်နေတာကိုမြင်တော့ ကြွက်ကလေးဟာ လန့်သွားပြီး "အသင်ပျားကလေး၊ ဘာလို့ ကျွန်ုပ်ရဲ့တောအုပ်ထဲက ပန်းတွေဆီက ပန်းဝတ်ရည်ကို လာစုပ်တာလဲ။ ခွင့်မပြုနိုင်ဘူး။ တခြားနေရာမှာ သွားရှာပါ" လို့ ပြောလိုက်လေတယ်။
ပျားကလေးက "အသင်ကြွက်ကလေး၊ တခြားတောအုပ်တွေမှာ ပန်းဝတ်ရည်စုပ်စရာ ပန်းမရှိလို့ ဒီကိုလာခဲ့တာပါ။ ကျေးဇူးပြုပြီး ပန်းဝတ်ရည်စုပ်ခွင့်ပြုပါ" လို့ တောင်းဆိုတာပေါ့။ ဒါပေမဲ့ ကြွက်ကလေးက "ငါနေ့တိုင်းကြည့်နေတဲ့ ပန်းတွေက ပန်းဝတ်ရည်ကို မင်းယူတာ လက်မခံနိုင်ဘူး။ မင်းယူရင် ငါနဲ့ပြသနာဖြစ်ရလိမ့်မယ်" လို့ ဒေါသတကြီး ခြိမ်းခြောက်လိုက်လေ တယ်။
စိတ်ပျက်သွားတဲ့ ပျားကလေးဟာ တခြားတောအုပ်တစ်ခုဆီ ပျားရည်ရှာဖို့ ထွက်သွားတယ်။ အဲဒီအချိန်မှာ အစာရှာနေတဲ့ လင်းယုန်တစ်ကောင်က ပျားကလေးကိုတွေ့ပြီး "အသင်ပျားကလေး၊ ဒီမှာ တောအုပ်ကြီးရှိနေတာကို ဘာလို့ တခြားပန်းတွေကို ဒီလောက်ကြိုးစားရှာနေရတာလဲ" လို့ မေးလိုက်တယ်။
ပျားကလေးရဲ့အကြောင်းကိုကြားတော့ လင်းယုန်က "စိတ်မပူပါနဲ့။ ငါ ကြွက်ကလေးကို သွားမေးပေးမယ်" လို့ပြောပြီး ကြွက်ကလေးရဲ့တောအုပ်ဆီ ပျံသွားတယ်။ "အသင်ကြွက်ကလေး၊ ဘာလို့ ပျားကလေးကို ပျားရည်ရှာခွင့်မပြုဘဲ ငြင်းလိုက်တာလဲ" လို့ လင်းယုန်ကမေးတော့ ကြွက်ကလေးက "ပျားကလေးက ပန်းခင်းတွေကို ဖျက်ဆီးမှာစိုးလို့ တားမြစ်ခဲ့တာပါ" လို့ ပြန်ဖြေတယ်။
လင်းယုန်က "အသင်ကြွက်ကလေး၊ ဘာလို့ ဒီလောက်တောင် စိတ်ထားမကောင်းရတာလဲ။ ပျားကလေးက ပန်းတွေကို ဝတ်မှုန်ကူးပေးရင် မင်းရဲ့တောအုပ်မှာ ပန်းတွေပိုတောင်ပွင့်လာမှာ" လို့ပြောပြီး ထွက်သွားတယ်။ ဒါပေမဲ့ ကြွက်ကလေးက ပျားပြန်လာမှာကိုစိုးပြီး ပန်းပင်တွေရဲ့အမြစ်တွေကို လိုက်ကိုက်ဖြတ်ပစ်လိုက်တယ်။
ကြွက်ကလေးကိုက်ဖြတ်လိုက်လို့ နေ့တိုင်းလန်းဆန်းစွာပွင့်တဲ့ပန်းတွေ မပွင့်နိုင်တော့ဘူး။ ပျားကလေးဟာ တခြားနေရာမှာ ပန်းမတွေ့လို့ ကြွက်ကလေးရဲ့တောအုပ်ဆီ ပြန်လာကြည့်တဲ့အခါ အမြဲတမ်းဖူးပွင့်မွှေးပျံ့နေတဲ့ပန်းတွေ ညှိုးနွမ်းနေတာကိုတွေ့ပြီး အံ့ဩသွားတယ်။
"အသင်ကြွက်ကလေး၊ ဘာလို့ တောအုပ်ထဲက ပန်းတွေအားလုံး ညှိုးသွားတာလဲ" လို့ ပျားကလေးကမေးတော့ ကြွက်ကလေးက "မင်း ပျားရည်မရှာနိုင်အောင် ငါ အပင်တွေကို ကိုက်ဖြတ်လိုက်တာ" လို့ ပြောလိုက်တယ်။ ပျားကလေးက "ခင်ဗျား ကျွန်တော့်ကို မနာလိုဖြစ်တာ စိတ်မကောင်းပါဘူး။ ကျွန်တော် တတ်နိုင်သလောက်ဝေးဝေးပျံပြီး ပျားရည်ရှာပါတော့မယ်" လို့ နှုတ်ဆက်ပြီး ထွက်သွားခဲ့တယ်။
ကြွက်ကလေးနေထိုင်တဲ့တောအုပ်ဟာ တဖြည်းဖြည်းညှိုးနွမ်းပြီး အရိပ်နဲ့အကာအကွယ်တွေ ပျောက်ဆုံးသွားတဲ့အခါ သူမှားမှန်းသိလာတယ်။ လင်းယုန်က "အသင်ကြွက်ကလေး၊ မင်းရဲ့လောဘကြောင့် မင်းနေစရာတောင် ပျောက်သွားပြီ မဟုတ်လား" လို့ပြောတော့ ကြွက်ကလေးက နောင်တကြီးစွာရပြီး နေရာသစ်ရှာဖို့ တောအုပ်ထဲကနေ ထွက်သွားခဲ့တော့တယ်။
child story..............