10 w - Translate

🙀 ညဆိုရင် ကြောင်လေးတွေရဲ့မျက်လုံးတွေက အစိမ်း၊ အဝါ၊ အဖြူလိုမျိုး အလင်းရောင်တွေဖြစ်တာ ဘာကြောင့်လဲ?
✨ ညဘက် ကြောင်လေးတွေ မျက်လုံးလင်းနေရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ သူတို့မျက်လုံးထဲမှာရှိတဲ့ Tapetum lucidum ဆိုတဲ့ အထူးခြားတဲ့အလွှာလေးကြောင့်ပါ။
ညဘက်မှာ မျက်လုံးထဲကို ရောက်လာတဲ့ အလင်းရောင်ကို Tapetum lucidum က ပြန်ဟပ်တဲ့အခါ
✨ အဲ့ဒီအလင်းရောင်ဟာ မျက်ဆံကနေတဆင့် ပြန်ထွက်လာပြီး ကျွန်တော်တို့ မြင်ရတဲ့ မျက်လုံးလင်းနေတဲ့ အလင်းရောင်အဖြစ် ပေါ်လာတာဖြစ်ပါတယ်။
✨ ကြောင်မျိုးစိတ်နဲ့ အလင်းရောင်ကျရောက်တဲ့ ထောင့်ပေါ်မူတည်ပြီး မျက်လုံးလင်းတဲ့အခါ အစိမ်း၊ အဝါ၊ ဒါမှမဟုတ် အဖြူရောင်လိုမျိုး အရောင်အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။
💥 ဒီလို စွမ်းရည်ရှိတဲ့အတွက် ကြောင်လေးတွေဟာ ညဘက်မှာတောင် သူတို့ရဲ့သားကောင်တွေကို အလွယ်တကူ ရှာဖွေဖမ်းဆီးနိုင်ကြပါတယ်။
💬 အခြားတိချစ်သူများလည်း သိရှိနိုင်ဖို့ share သွားနိုင်ပါတယ်။

image