တောင်သာတွင် မြန်မာ့မီးရထားမှ ဝန်ထမ်းတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီး
စက်တင်ဘာ ၂၂
တောင်သာတွင် မြန်မာ့မီးရထားမှ ဝန်ထမ်းတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၁၉) ရက် နံနက် (၁၁) နာရီ (၄၅) မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ထန်းပင်ခြံကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာတွင်နေထိုင်သော မြန်မာ့မီးရထားမှ မြင်းခြံ ဘူတာဂိတ်စောင့်ဖြစ်သူ ဦးဇော်ထွေး(၄၉)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF အဖွဲ့ဝင် ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာပြီး ဦးဇော်ထွေး အား “စစ်ဆေးရန်ရှိသည်” ဟုပြောဆိုကာ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
#သတင်းဟင်းလေးအိုးကြီး