10 ပတ် - ဘာသာပြန်ပါ။

ဆိုင်ကယ်လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ကာ ပေ (၁၀ဝ) ခန့်အထိရောက်အောင် မောင်းပြခြင်း ဂင်းနစ်စံချိန်ကို ရရှိခဲ့သည့် ဆော်ဒီအမျိုးသား

စက်တင်ဘာ ၂၂

ဆော်ဒီအာရေးဗျနိုင်ငံမှ မော်တော်ဆိုင်ကယ်စီးကျွမ်းကျင်သူအမျိုးသားတစ်ဦးသည် ဆိုင်ကယ် ၏လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ကာ အကွာအဝေး(၁၀ဝဝ)ပေနီးပါးအထိ‌ရောက်အောင် မောင်းပြခဲ့ ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ Ahmed Othman ဆိုသည့်အမျိုးသား သည် ဆိုင်ကယ်ရှေ့ဘီးကိုထောင်ပြီး လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ကာ မောင်းပြခဲ့ပြီးနောက် ယင်း ကဲ့သို့ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Ahmed Othman သည် Jeddah မြို့ရှိ လမ်းမပေါ်တွင် လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ထား သည့်အနေအထားဖြင့် အကွာအဝေး(၉၈၄)ပေ နှင့်(၃)လက်မအထိ‌ရောက်အောင် မောင်းပြခဲ့ပြီးနောက် ဆိုင်ကယ်လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ကာ အကွာအဝေး အဝေးဆုံးအထိရောက်အောင် မောင်းပြ ခြင်းအတွက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် Ahmed Othman သည် ဆိုင်ကယ်လီဗာလက်ကိုင်ကို ပါးစပ်ဖြင့်ကိုက်ကာ အကွာ အဝေးအဝေးဆုံးအထိရောက်အောင် မောင်းပြခြင်း ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ရန် ကြိုးပမ်းမှုအတွင်း ဆိုင်ကယ်ကိုဟန်ချက်ညီစေရန်အတွက် ၎င်း၏လက်နှစ်ဖက်ကို ဘေးဘက်သို့ဆန့်ထုတ်ထားသည်ကို ဆိုရှယ်မီဒီယာပေါ်တွင်တင်ထားသည့် ဗီဒီယိုဖိုင်များတွင် တွေ့မြင်ခဲ့ရသည်။ Ahmed Othman က “ဒီလို မျိုး ကမ္ဘာ့ဂင်းနစ်စံချိန်ကိုချိုးဖျက်နိုင်ခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်။ ကမ္ဘာ့ဂင်းနစ် စံချိန် မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်နိုင်ဖို့က ကျွန်တော့်ရဲ့အိပ်မက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

#centralnewsnaypyitaw

image