10 w - Translate

မိုးသည်းထန်စွာရွာသည်နှင့် ရေကြီးရေလျှံလာသောတာချီလိတ်မြို့
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယနေ့ စက်တင်ဘာ ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်ကာ တာချီလိတ်မြို့တွင်းလမ်းများပေါ်နှင့် အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
" မိုးကအတော်သည်းသည်းရွာသွားတယ်။ တာချီလိတ်မြို့က မိုးသည်းသည်းရွာချိန်တိုင်းဆိုရင် မယ်ဆိုင်ချောင်းရေတက်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေဆိုရင် ရေဝင်ပြီ။ ဗိုလ်ချုပ်လမ်းကတော့ အစဥ်အလာအရ မိုးသည်းတိုင်းအမြဲတမ်းရေကျော်တာပါပဲ"ဟု ဒေသခံတစ်ဦးကပြောသည်။
ယနေ့ စက်တင်ဘာ ၂၂ ရက်နံနက် ၁၀ နာရီခွဲက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်အထက်(၂)ပေခွဲခန့်ကျော်လွန်ရောက်ရှိနေကာ ၂၄ နာရီအတွင်း (၁)ပေခန့်ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားကြရန် မိုးဇလက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

image