10 ပတ် - ဘာသာပြန်ပါ။

ကုလားပဲသုပ်

ကုလားပဲကိုတစ်ညရေစိမ် ဒါမှပြုတ်တဲ့အခါ မကြာမှာ
အာလူးနဲ့ပဲကိုရောပြုတ်မယ် တစ်ခါတည်းပြီးအောင်

ပြုတ်ထားတုန်း မကျည်းမှည့်ရေစိမ် ကြက်သွန်လှီးထား အားလူးကအရင်အိတဲ့အတွက် ဆည်ပြီးအခွံနွှာ ပါးပါးလှီး ပူစီနံလေးသန့်ထား ဆီချက်လေးချက်ထား

ပဲနူးတဲ့အခါရေဆေး ခုနကအဆာပလာတွေထည့် ဆား ဟင်းချိုမှုန့် ငရုတ်စိမ်းလေးညှပ်ထည့် အနံမွှေးအောင် သံပုရာသီးတစ်စိတ်လောက်ညှစ်ထည့်လိုက်သေးတာ ပြီးတော့နယ်လိုက်တာပဲ

အနံ့မွှေးပြီး စီးစီးထွေးထွေး ကုလားပဲသုပ်လေးရပါပြီ

image