#chia seeds(ချီယာစေ့)
Chia Seeds ဘာကြောင့်စားသင့်တာလဲ?
Chia Seeds ကိုဘယ်လိုစားရမလဲ
ဘာကြောင့်စားသင့်တာလဲ လာမေးနေတဲ့မေမေတွေအတွက်ပါ Chia Seeds က နှမ်းနှင့် ဆင်ပါတယ် Chia Seeds မှာ
-ဌက်ပျောသီးထက် 100%ပိုတက်ဆီယမ်ပိုများပါတယ်
- အရွက်စိမ်းထက် 200% သံဓါတ်ပိုများပါတယ်
- Flax Seeds ထက် 300% Selenium, ဆဲလ်အသစ်တွေကို ထုတ်ပေးတဲ့ဓါတ် ပိုများပါတယ်
- နွားနို့ထက် 500% ကယ်စီယမ် ပိုများပါတယ်
- သဘာဝ ဆယ်မွန်ငါးထက် 600 % အိုမီဂါ3, ဦးနှောက်ဖွံဖြိုးတိုးတက်စေတဲ့ DHA ထုတ်ပေးတာပါ ပိုများပါတယ်
- ဂေါ်ဖီစိမ်းထက် 1400% မတ်နက်စီယမ် ပိုများပါတယ်
Chia seeds မှာပါတဲ့ အိုမီဂါ3s ကိုခန္ဓာကိုယ်ကနေပီး ဦးနှောက်ဖွံဖြိုးမှုကိုအားပေးသော EPA နှင့် DHA အဖြစ်ပြောင်းပေးနိုင်ပါတယ် ဒါကြောင့်ကလေးငယ်တွေအတွက်လည်းသင့်တော်ပါတယ်
Chia seeds ကလူကိုဝစေတဲ့ကာလိုရီနည်းပြီး အာဟာရများ ဖိုင်ဘာများတဲ့အတွက် နည်းနည်းလေးစားပြီး အာဟာရပါတယ် အဆာခံနိုင်ပါတယ် ဝိတ်ကျချင်သူများအတွက် chia seeds ဟာအလွန်သင့်တော်ပါတယ်
Chia seeds 1 အောင်စမှာပါဝင်တာတွေက
- Fiber: 11 grams.
- Protein: 4 grams.
- Fat: 9 grams (5 of which are Omega-3s).
- Calcium: 18% of the RDA.
- Manganese: 30% of the RDA.
- Magnesium: 30% of the RDA.
- Phosphorus: 27% of the RDA.
- Zinc, Vitamin B3 (Niacin), Potassium, Vitamin B1 (Thiamine) and Vitamin B2.
Chia Seeds စားနည်း
1. Chia ပူတင်း - chia seeds ကို ဘယ်pudding ထဲထည့်ထည့်လို့ရပါတယ် အထူးသဖြင့် အုန်းနို့နှင့် လုပ်တဲ့ မုန့်ထဲထည့်ရင် အရမ်းလိုက်ဖက်ပါတယ်
2. Chia Tea - ဗိုက်ပူနေလို့ စိတ်ညစ်နေသူများ အတွက်အထူးသင့်တော်ပါတယ် ဖိုင်ဘာများလို့ ဝမ်းမှန်စေပြီ ခန္ဓာကိုယ်က အညစ်အကြေးတွေသန့်စင်ပေးပါတယ် detox လုပ်ပေးပါတယ် ရေနှင့်စိမ်ပြီး မနက်တိုင်းသောက်လို့ရပါတယ်
3.Blueberry muffins with chia. yummy!
4. ဖျော်ရည် ဒါမဟုတ် smoothie တွေထဲထည့်လိုက်ရုံပါပဲ
5. အလွယ်ဆုံးနည်းက yogurt အပေါ်ကဖြန်းစားရုံပါပဲ
6. Cereal and oatmeal ထဲကိုလည်း ထည့်စားလို့ရပါပါတယ်
7. ဂျုံမုန့်နှင့် မုန့်လုပ်တဲ့အခါ ဟင်းချက်တဲ့အခါ chia seeds ထည့်လို့ရပါတယ် ဘူးသီးကြော် အသားလုံးကြော် တွေရဲ့ အကြော်မူန့်ထဲ chia ထည့်လို့ရပါတယ်
ကလေးကိုတခါကျွေးရင်လက်ဘက်ရည်တဇွန်းလောက်ပဲ ကျွေးပါ ကလေးအရမ်းငယ်ရင်အမူန့်ကျိတ်ပေးပါ
ကလေးအသက်ဆယ်လလောက်မှ စကျွေးပါ
ဆီးချိုသွေးတိုးသမားများ (တစ်နေ့ကိုထမင်းစားဇွန်း၁-၃ဇွန်းခန့် စားပေးခြင်းဖြင့် သက်သာစေပြီး ဗိုက်ခေါက်အဆီများပါ ပျောက်သွားစေမယ့် သဘာဝ ချီယာစေ့
*ဆီးချိုသွေးတိုးသမားများသောက်ကြည့်ပါ
*ဝမ်းချုပ်တက်သူများသောက်ကြည့်ပါ
*သွေးတွင်းကိုလက်စထရော များသူများ
*အရိုးဆစ်ကိုက်ခဲနာကျင်သူများ တွေသောက်ကြည့်ပါ
ဒါအပြင့် သူရဲ့ကောင်းကျိုးတွေ
*အရိုးနှင့်သွားတွေကို သန်မာစေတယ်
*Cancerဆဲလ်တွေကို တိုက်ထုတ်ပေးတယ်
*ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေတယ်
*အစာချေစနစ်နဲ့အူလမ်းကြောင်းကို ကောင်းမွန်စေသောကြောင့် ဝမ်းမှန်စေတယ်
*နှလုံးရောဂါနှင့်လေဖြန်းရောဂါဖြစ်နိုင်ချေ လျော့ချပေးတယ်
*ခန္ဓာကိုယ် ကျစ်လစ်လှပစေတယ်
*အသားရည်ကြည်လင်းဝင်းပစေပြီး
*ဆံပင်မှစခြေသည်းလက်သည်းကောင်းမွန်စေပါတယ်
#ချီယာစေ့ အလွယ်ဆုံး စားသုံးနည်း ၁၀မျိုး
၁။ ချီယာ+ပျားရည် +သံပုရာ ဖျော်ရည်
ရေနွေးနွေးထဲ ချီယာစေ့ ထမင်းစားဇွန်း ၁ဇွန်းထည့်
၁၅မိနစ်လောက်ထားပြီး ပျားရည်၁ဇွန်း သံပုရာသီးတစ်ခြမ်း ညှစ်ထည့်ပေးပါ ....
၂။ ချီယာကော်ဖီ
ချီယာစေ့ ထမင်းစားဇွန်း၁ဇွန်း ရေနွေးနွေး နည်းနည်းနဲ့ ၁၅မိနစ်သောက်စိမ်ထားပြီး ပွလာတဲ့အခါ ဖျော်ထားတဲ့ကော်ဖီထဲ ထည့်မွှေပါ...
၃။ ချီယာနွားနို့
နွားနို့ ပူနွေးရုံလောက်မှာ ချီယာစေ့ ထမင်းစားဇွန်း၁ဇွန်းထဲ့မွှေပါ ၃၀မိနစ် စိမ်ထားပါ...
၄။ ချီယာကွေကာ
ကွေကာပူနွေးနွေးထဲ ချီယာစေ့ ထမင်းစားဇွန်း၁ဇွန်းထည့်မွှေ ၃၀မိနစ်လောက်စိမ်ထားပါ
၅။ instant အုတ်ဂျုံ +နို့+ချီယာ
အုတ်ဂျုံ နို့ ချီယာ အားလုံးကို ရောပြီး ၃ဝမိနစ်လောက်စိမ်ထားပါ ..
၆။ ချီယာ+အုန်းရေ
အုန်းရေမှာ ချီယာစေ့ ထမင်းစားဇွန်း၁ဇွန်း ၃၀မိနစ်လောက် စိမ်သောက်ပါ
၇။ ချီယာ ဒိန်ချဉ်
ရေနည်းနည်းလေးနဲ့ ချီယာစေ့ ထမင်းစားဇွန်း၁ဇွန်း ၃၀မိနစ်ပွလာအောင်စိမ်ထားပြီး ဒိန်ချဉ်ထဲ ထည့်သောက်ပါ
၈။ ချီယာ သစ်သီးဖျော်ရည်
ချီယာစေ့ကို ရေနည်းနည်းနဲ့ ၃၀မိနစ်လောက်ပွအောင် စိမ်ထားပြီး နှစ်သက်ရာ သစ်သီးဖျော်ရည်မှာ ထည့်သောက်ပေးပါ
၉။ ချီယာစေ့ကို နှစ်သက်ရာ အသီးအနှံများမှာ ဖြူးစားပါ
ပြီးရင်ရေ များများ သောက်ပေးပါ ...
၁၀။ ချီယာစေ့ရေစိမ်
ရေ၁လီတာမှာ ချီယာစေ့ ထမင်းစားဇွန်း ၁ဇွန်းထည့်
သေချာလေးလှုပ်ပြီး ၃၀မိနစ်မှ တနေကုန် ထားပြီး သောက်ပေးနိုင်ပါတယ်
ရေမှာစိမ်သောက်တာ အကောင်းဆုံးနဲ့ အလွယ်ဆုံးပါရှင့်
#chiaseeds
#ချီယာစေ့
Crd.

image