10 w - Translate

ပိုက်ဆံကိစ္စကြောင့် ဇနီးသည်နဲ့ စကားများရန်ဖြစ်ပြီးနောက် ATM စက်တစ်ခုလုံးကို ခိုးယူခဲ့တဲ့အမျိုးသား
စက်တင်ဘာ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ၊ Khon Kaen မှာ နယ်သာလန်နိုင်ငံသားတစ်ဦးကို ATM စက်တင်ဆောင်ထားတဲ့ ထရပ်ကားတစ်စီးနဲ့ ဖမ်းဆီးမိခဲ့ပါတယ်။ အသက် ၆၀ အရွယ် အဲ့ဒီအမျိုးသားက ATM စက်တွေရှိတဲ့ စတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ ထိုင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
သူက ငွေတွေကို ခိုးယူမယ့်အစား ATM စက်တစ်ခုလုံးကို ခိုးယူက သူ့ထရပ်ကားပေါ် တင်ဆောင်သွားခဲ့ပါတယ်။ ATM စက်ကို သော့ခတ်ထားတဲ့နေရာကနေ ဆွဲယူလာခဲ့တယ်ဆိုတဲ့ အမှတ်အသားတွေကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရပါတယ်။ CCTV မှတ်တမ်းကြောင့် အဲ့ဒီအမျိုးသားကို အမြန်ရှာဖွေဖမ်းဆီးနိုင်ခဲ့တာပါ။
အဲ့ဒီအမျိုးသားက ATM စက်ခိုးယူမှုမတိုင်ခင် ငွေရေးကြေးရေးပြဿနာနဲ့ပတ်သက်ပြီး သူ့ရဲ့ထိုင်းလူမျိုးဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်ခဲ့တာပါ။ သူတို့ရဲ့စားသောက်ဆိုင်က အလုပ်မဖြစ်ဘဲ အချိန်အတော်ကြာ အခက်အခဲတွေနဲ့ ကြုံနေရတာပါ။ သူတို့လင်မယားရန်ဖြစ်ပြီးနောက် အမျိုးသားဖြစ်သူက အိမ်ကနေထွက်သွားခဲ့ပါတယ်။ ဇနီးဖြစ်သူက သူ့ခင်ပွန်း ဘာတွေလုပ်ဖို့ကြံနေလဲဆိုတာ မသိခဲ့ဘူး။ ရဲစခန်းက သူ့ကို ဆက်သွယ်တဲ့အချိန်မှာ ATM စက်ခိုးတဲ့အကြောင်း သိခဲ့ရတာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

image