10 w - Translate

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့မှာ အသက် ၂၃ နှစ်အရွယ် လက်ဝှေ့သမား ပရစ်ချတ်ကိုလွန် (Prichard Colón) ဟာ အမေရိကန် လက်ဝှေ့သမား တာရယ်ဝီလျံစ် (Terrel Williams) နဲ့ ထိုးသxတ်ခဲ့ပါတယ် ပွဲအတွင်းမှာ တာရယ်ဝီလျံစ် ဟာ ကိုလွန် ရဲ့ ဦးခေါင်းနောက်ပိုင်းကို ထပ်ခါတလဲလဲ တရားမဝင် ထိုးနှက်ခဲ့ပါတယ်
ကိုလွန် ဟာ သူ့ရဲ့ဦးခေါင်း နောက်စေ့ကို ခဏခဏထိုးနှက်ခံရကြောင်း ဒိုင်ကို ပြောပြခဲ့ပါတယ် ဒိုင်က ဝီလျံစ်ကို သတိပေးခဲ့ပေမဲ့လည်း ဆက်လက်ပြုလုပ်နေခဲ့ပါတယ် နဝမအချီမှာ ကိုလွန်ဟာ ပြင်းထန်တဲ့ ထိုးနှက်ချက်တွေကြောင့် လဲကျသွားခဲ့ပါတယ် သူဟာ ပွဲကိုဆက်မထိုးနိုင်တော့တဲ့အတွက် ရပ်နားလိုက်ပြီး တာရယ်ဝီလျံစ်ကို အနိုင်ပေးလိုက်ပါတယ်
ပွဲပြီးဆုံးပြီးနောက် အခန်းထဲမှာ ကိုလွန်ဟာ မူးဝေလာပြီး အန်လာပါတယ် အဲဒီနောက်မှာ ရုတ်တရက် လဲကျပြီး သတိလစ်သွားခဲ့ပါတယ် သူ့ကို ဆေးရုံဆီ အမြန်ဆုံးခေါ်ဆောင်သွားတဲ့အခါ ဦးနှောက်ထဲမှာ သွေးယိုစိမ့်မှုဖြစ်ပြီး ဦးနှောက်ဖိအားများနေတာကို တွေ့ရှိခဲ့ရပါတယ် ဆရာဝန်တွေက ဦးနှောက်ရောင်ရမ်းမှုကို လျှော့ချနိုင်ဖို့အတွက် အရေးပေါ် ဦးခေါင်းခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်
ကိုလွန် ဟာ အဲဒီခွဲစိတ်မှုအပြီးမှာ ရက်ပေါင်း ၂၂၁ ရက်ကြာအောင် မေ့မြောနေခဲ့ပါတယ် သူ့ရဲ့အခြေအနေဟာ "vegetative state" လို့ခေါ်တဲ့ အခြေအနေတစ်ခုဖြစ်သွားခဲ့ပါတယ် ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ သူဟာ သတိပြန်လည်ရလာပြီး ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားခဲ့ပါတယ်
ပရစ်ချတ်ကိုလွန် ဟာ အသက်ရှင်သန်ခဲ့ပေမဲ့လည်းဦးနှောက်ထိခိုက်မှုကြောင့် မသန်စွမ်းသူတစ်ယောက်ဖြစ်သွားခဲ့ပါတယ် သူဟာ လမ်းမလျှောက်နိုင်တော့ဘဲ ဘီးတပ်ကုလားထိုင်နဲ့သာ သွားလာနေရပါတယ် စကားမပြောနိုင်တဲ့အတွက် ကွန်ပျူတာတစ်လုံးနဲ့ ဆက်သွယ်ပြောဆိုနိုင်အောင်သူ့ရဲ့မိသားစုက ကူညီပေးခဲ့ပါတယ်
ဒီဖြစ်ရပ်ဟာ လက်ဝှေ့လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး ကစားသမားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပိုမိုတင်းကျပ်ဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ် သူ့ရဲ့အဖြစ်က လက်ဝှေ့သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ဒဏ်ရာတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image