ယခုတစ်ပတ် ရောင်းချရမည် စားအုန်းဆီး အခြေခံလက်ကား ရည်ညွှန်းဈေး ပြောင်းလဲမှုမရှိ
ယခု စက်တင်ဘာ(၂၂)ရက်မှ စက်တင်ဘာ(၂၈) ရက် တစ် ပတ်တာကာလအတွင်း ရောင်းချရမည့် စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ (၆၆၁၀)ကျပ်ဖြစ်ပြီး ပြီးခဲ့သည့် အပတ်ကစျေးနှုန်းအတိုင်းပြောင်းလဲမှုမရှိကြောင်း သိရသည်။
ဇူလိုင်လ ဒုတိယအပတ်မှစပြီး ဈေးအနည်းငယ် ကျဆင်းခဲ့သော်လည်း ဩဂုတ်လမှစတင်ကာ စျေးပြန်လည်မြင့်တက်လာခဲ့ပြီး ယခုစက်တင်ဘာလ တတိယအပတ်တွင် ကျပ်(၆၆၁၀) တွင် ရှိနေခြင်းဖြစ်သည်။
စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ အသိပေးထားသည်။