😺သင်ရဲ့ကြောင်အိုလေးတွေကို အစားကျွေးတဲ့အခါ သတိထားသင့်တဲ့အချက် ၄ချက်
🍽️ အသည်းကို အလွန်အကြူးမကျွေးပါနဲ့။
အသည်းမှာပါ၀င်တဲ့ ဗီတာမင်အေက ကြောင်တွေရဲ့မျက်စိအမြင်အာရုံကို အထောက်အကူဖြစ်စေပေမယ့် လွန်ကဲစွာကျွေးမိရင် ဗီတာမင်အေ အဆိပ်သင့်တာမျိုးဖြစ်နိုင်ပါတယ်။
🍽️ ငါးကြီးဆီကို လွန်ကဲစွာမကျွေးပါနဲ့။
ငါးကြီးဆီထဲ ပါ၀င်တဲ့ Omega 3 ကလည်း အသက်ကြီးကြောင်တွေအတွက်သင့်တော်ပေမယ့် အများအပြားကျွေးမိရင်တော့ ဝမ်းလျှောတတ်ပါတယ်။
🍽️ သစ်သီးဝလံနဲ့ အသီးအနှံတွေကို သရေစာအနေနဲ့သာကျွေးပါ။
အများအပြားကျွေးမိတဲ့အခါ အစာခြေဖျက်ဖို့ခက်ခဲနိုင်တာကြောင့်ပါ။။
🍽️ အသစ်အဆန်းတွေနဲ့ အစားအစာပြောင်းကျွေးတိုင်း ကြောင်လေးရဲ့အခြေအနေကို စောင့်ကြည့်ပါ။
ဝမ်းပျက်တာ၊ အန်တာမျိုးရှိရင်ရပ်ပြီး ပုံမှန်သာပြန်ကျွေးပေးပါ။
🔺 အခြေအနေဆိုးတာမျိုးရှိရင်တော့တိကုဆရာဝန်နဲ့သေချာတိုင်ပင်ပြသပါ။
💬 အခြားတိချစ်သူများလည်းသိရှိနိုင်ဖို့ share သွားနိုင်ပါတယ်။