10 ပတ် - ဘာသာပြန်ပါ။

ပြည်ထောင်စုအဆင့်ပါတီ မဲဆန္ဒနယ် လေးပုံတစ်ပုံသာ ဝင်ပြိုင်နိုင်

စက်တင်ဘာ ၂၂

ပြည်ထောင်စုတစ်ဝန်းလုံးတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ အနေဖြင့် မဲဆန္ဒနယ် အားလုံး၏ ထက်ဝက်၌ ရွေးကောက်ပွဲဝင်ရမည်ဆိုသော သတ်မှတ်ချက်အစား လေးပုံ တစ်ပုံသာ ဝင်ပြိုင်နိုင်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ်(၁)ကို အစားထိုးပြင်ဆင်ပြီးနောက် ယခုလို သတ်မှတ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြင်ဆင်လိုက်သော အချက်မှာ “ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက အထွေထွေရွေးကောက် ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင် မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း”ဆိုသော အချက်ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီသည် မြို့နယ် ၃၃၀ အနက် မဲဆန္ဒနယ် ၈၃၃ နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ထက်ဝက်ဖြစ်သည့် ၄၁၇ ဦးကို တင်သွင်းစရာမလိုတော့ဘဲ လေးပုံတစ်ပုံ တင်သွင်းနိုင်လျှင်ပင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သလို ပါတီဖျက်သိမ်းခံရမည့် အခြေအနေကနေလည်း လွှတ်မြောက်မည်ဖြစ်သည်။

ယခင်က မဲဆန္ဒနယ် အားလုံး ၈၃၃ နယ်အတွက် ကိုယ်စားလှယ်လောင်း ၄၁၇ ဦး မတင်သွင်းနိုင်လျှင် သို့မဟုတ် မဲဆန္ဒနယ် ၄၁၇ နယ် ဝင်ရောက် မယှဉ်ပြိုင်နိုင်လျှင် ပါတီဖျက်သိမ်းခံရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

#centralnewsnaypyitaw

image