အုန်းနို့များများလေးနဲ့ ပျစ်နှစ်ပြီး အရသာရှိတဲ့ အုန်းနို့ခေါက်ဆွဲ🍜👩🏻🍳
#ချက်နည်း
ဂျင်း၊ကြက်သွန်ဖြူ၊နီ ၊ထောင်းထားတာလေးတွေနဲ့ အရောင်တင်၊ဆနွင်းတို့ကို ဆီသတ်ပါ၊ပြီးရင်တော့ အရသာနယ်ထားတဲ့ ကြက်သားကို ထည့်ပြီးဆီသတ်ပါမယ်၊ကြက်သားလေးတွေ ကျက်သည်အထိ ရေထည့်ပြီး ချက်ပေးထားမယ်။ပဲစိမ်းမှုန့်အနည်းငယ်ကိုရေဖျော်ပြီး အိုးထဲထည့် ပဲစိမ်းနံ့ပျောက်သည်အထိ ကျိုပေးပါမယ်၊ပဲစိမ်းနံ့လေးတွေ ပျောက်လာပြီဆို ရေနွေးလေးထည့်၊ကြက်သားဆီသတ်ချက်ထားတာလေးထည့်မယ်၊အုန်းနို့ထည့်မယ်၊ဆက်တိုက်မွှေပေးပြီးတော့ မိမိစိတ်ကြိုက် ကြက်သွန်နီဥ၊ဘဲဥတို့ ထည့်ပါရှင့်👩🏻🍳♨️
#cooking #food #အုန်းနို့ခေါက်ဆွဲ