11 w - Translate

Cannibal Holocaust ရုပ်ရှင်ကားဟာ တကယ်ကို အငြင်းပွားဖွယ်ရာဖြစ်ခဲ့တာကြောင့် ဒါရိုက်တာ Ruggero Deodato ကို လူသxတ်မှုနဲ့ ဖမ်းဆီးပြီး စွဲချက်တင်ခဲ့ပါတယ် ရုပ်ရှင်ထဲက လူတွေ​သxတ်တဲ့ ဇာတ်ဝင်ခန်းတွေဟာ ပီပြင်လွန်းတာကြောင့် တချို့က တကယ်အစစ်အမှန်လို့ ယုံကြည်ခဲ့ကြပါတယ်
Deodato ဟာ သူ အပြစ်ကင်းကြောင်းသက်သေပြဖို့အတွက် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကိုခေါ်ကာ ရုပ်ရှင်ရဲ့ အထူးပြုလုပ်ချက်တွေကို ဘယ်လိုရိုက်ကူးထားတယ်ဆိုကို တရားရုံးမှာ ပြသခဲ့ရပါတယ် ရိုက်ကူးရေးမှာ ဘယ်သူ့ကိုမှ သxတ်ဖြတ်ခဲ့ခြင်းမရှိဘူးလို့ သက်သေပြပြီးတဲ့နောက်မှာတော့ Deodato ဟာ စွဲချက်အားလုံးကနေ အပြစ်ကင်းလွတ်ခဲ့ပါတယ်
လူတွေမ​ေxသဆုံးခဲ့ဘူးဆိုတာကို သက်သေပြနိုင်ခဲ့ပေမယ့် ဒီရုပ်ရှင်ဟာ နိုင်ငံအတော်များများမှာ ဆက်လက် ပိတ်ပင်တားမြစ်ခြင်း ခံခဲ့ရပါတယ် အဓိကအကြောင်းအရင်းကတော့ ရုပ်ရှင်ထဲမှာ တိရစ္ဆာန်တွေကို တကယ်သxတ်ဖြတ်ထားတဲ့ မြင်ကွင်းတွေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ် ဥပမာ- မျောက်၊ ဖွတ်၊ ဝက်၊ ပင်ဂွင်းစတဲ့ တိရစ္ဆာန်တွေကို တကယ်သxတ်ပြထားတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု မရှိခဲ့ပေမယ့် တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts