#အဆိမ့်အရသာဝက်အသည်းသုပ်
ဒါကတော့ ချက်ရလွယ်ကူပြီး အဆိမ့်အရသာရှိတဲ့ "Sweet Liver" အတွက် ချက်နည်းလေးပါ။
ပါဝင်ပစ္စည်းများ
(လှီးထားသောဝက်သားအသည်း 200 ဂရမ်
100 ml နို့ချိုအေး (နွားနို့)
ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်သီးခြောက်ထောင့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆန်လှော်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
သံပရာရည် ၁ ဇွန်း
ကြက်ပြုတ်ရည်
လှီးထားသောနံနံပင် ၁ ဇွန်း
လှီးထားသော ရှမ်းနံနံ ၁ ဇွန်း
ပါးပါးလှီးထားသော ကြက်သွန်နီ ၁ လုံး
ပါးပါးလှီးထားသော ပူစီနံ ၁ဇွန်း)
နည်းလမ်း
(1. ဝက်အသည်းကို ဇလုံတစ်ခုထဲ ထည့်ပြီး နို့ချိုအေးနဲ့ ဆမ်းပေးပါ ပြီးရင် ရေခဲသေတ္တာထဲမှာ ၁ နာရီလောက် နှပ်ထားပါ။
2. ရေခဲတ္တောမှ ထုတ်ကာ အသည်းကို သေချာဆေးကြောပြီး ရေစစ်ထုတ်ကာ ဇကာဖြင့် ရေစစ်ထားပါ
3. ကြက်ပြုတ်ဟင်းရည်ဆူလာသည်အထိ အိုးတစ်လုံးထဲတွင် အလယ်အလတ်အပူဖြင့် အပူပေးပါ ထို့နောက် ဝက်အသည်းထည့်ပြီး ကျက်သည့်အထိ မွှေပေးပါ။
4. ပန်ကန်တစ်ခုထဲ ပြုတ်ထားသော ဝက်အသည်းထည့် သံပုရာရည်၊ ငါးငံပြာရည်၊ ငရုတ်သီးမှုန့်၊ ရှမ်းနံနံ ကြက်သွန်မြိတ်၊ နံနံပင် ဆန်လှော်မှုန့် ကြက်သွန်နီ ကြက်ပြုတ်ရည် ၁ဇွန်း ထည့်ပြီး အားလုံးကို သမအောင် မွှေပါ။
ဆလပ်ရွက် ဂေါ်ဖီ သခွားသီး လတ်ဆတ်သော အသီးအနှံ တို့နဲ့တွဲဖက်စားသုံးနိင်ပါတယ်
ထမင်းပူပူနဲ့ အလိုက်ဖက်ဆုံးပါပဲ)
✍✍"Sailu
ဟင်းချက်နည်းကောင်းများလေ့လာရန် Page ကို Like share and follow လုပ်ထားပေးကြအုံးနော် နောက်လည်း အစားသောက်နဲ့ပတ်သက်တဲ့ ဟင်းချက်နည်းလမ်းတွေတင်ပေးပါမယ်ဗျ...🥰
#cooking #recipe #burmesefoods #homemadefoods #easycooking


