ခွေးလေးတွေ သရေကျခြင်းအကြောင်းအရင်း ဖြစ်နိုင်ချေ ၄ ခု
➡️ သူတို့ကြိုက်တဲ့ အစားအစာကို မြင်တဲ့အခါ၊ အနံ့ရတဲ့အခါ သွားရည်ဂလင်းတွေက ပုံမှန်ထက် ပိုအလုပ်လုပ်ပြီး သရေကျတတ်ပါတယ်။
➡️ ကစားချင်တဲ့အခါ၊ ပိုင်ရှင်ကို မြင်တဲ့အခါ စိတ်လှုပ်ရှားပြီး ပျော်ရွှင်တဲ့အခါမျိုးမှာလည်း သရေကျနိုင်ပါတယ်။
➡️ တချို့ခွေးမျိုးစိတ်တွေမှာ ပါးစပ်မှာအသားပိုတွဲနေတာကြောင့် သရေကို ထိန်းမထားနိုင်ဘဲ သရေပိုကျတတ်ပါတယ်။
➡️ ပူပြင်းတဲ့ရာသီဥတုတွေမှာလည်း ခွေးတွေဟာ အသက်ပြင်းပြင်းရှူရပြီး သရေပိုကျတတ်ပါတယ်။
အလွန်အကျွံမဟုတ်ရင် ပြဿနာမရှိတာကြောင့် အရမ်းစိတ်ပူစရာမလိုပါဘူး။