အမျိုးသမီးတိုင်း သိထားသင့်တဲ့ သားအိမ်ခေါင်း ကင်ဆာ အစပျိုးခြင်း လက္ခဏာများ
(၁) ပုံမှန်မဟုတ်တဲ့ အဖြူ /အကျိအချွဲတွေဆင်းခြင်း
သားအိမ်ခေါင်းထဲမှာ ကင်ဆာ အစပျိုးနေပြီဆိုတာနဲ့ သားအိမ်နံရံက ဆဲလ်တွေ ဟာပုံမှန်မဟုတ်တော့ပဲ လုပ်ငန်းစဉ်တွေလည်း အမှားမှားအယွင်းယွင်းဖြစ် တတ်ပါတယ်။
ဒါကြောင့် အဖြူဆင်းတာ၊ရာသီသွေးပေါ်ပြီးမှ သွေးထပ်ဆင်းတာ၊ အကျိအချွဲတွေဆင်းတာတွေ ဖြစ်ပေါ်တတ်ပါတယ်။
(၂) နာကျင်/သွေးဆင်း
သားအိမ်နံရံကို အမြစ်တွယ်လာတဲ့ ကင်ဆာဆဲလ်တွေကြောင့် သားအိမ် မှာ ခြောက်သွေ့တာ နောက်ဆုံး အက်ကွဲတာတွေဖြစ်ပေါ်လာတတ်ပါတယ်။နေရ ထိုင်ရတာ သက်သောင့်သက်သာ
မရှိတာနဲ့သွေးဆင်းရပ်ပြီးတာတောင်မှ ထပ်ပြီး သွေးဆင်းတာတွေ ဖြစ်ပေါ် တတ်ပါတယ်။
ပုံမှန်ရာသီကာလမဟုတ်ပဲ ကြားကာလတွေမှာ သွေးဆင်းတာတွေရှိခဲ့မယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာ၀န်ဆီပြကြည့်သင့်ပါတယ်။
(၃) သွေးအားနည်းတာ
စားသောက်နေထိုင်မှုပုံစံ ပုံမှန်အတိုင်းဖြစ်နေတဲ့ကြားကပင်ပမ်းနွမ်းလျပြီး
သွေးအားနည်းနေတာမျိုးပါ။၀မ်းဗိုက်ထဲက သွေးယိုစီးမှုတွေကြောင့် သွေးအားနည်းရတာဖြစ်ပြီး ဒါဟာလည်း သားအိမ်ခေါင်းကင်ဆာ လက္ခဏာတွေထဲက တစ်ခု ပါ။
(၄) ဆီးသွားရာမှာ ပြသာနာရှိ
သားအိမ်ခေါင်းနံရံတွေ ရောင်ကိုင်းလာတာကြောင့် ဆီးအိမ်နဲ့ကျောက်ကပ်မှာပါ ပြသာနာရှိလာပြီး ဆီးသွားရာမှာ
ပြသာနာတွေရှိလာစေတာဖြစ်ပါတယ်။ ဆီးအိမ်နာကျင်တာ၊ဆီးလမ်းကြောင်းမှာ ပိုး၀င်တာတွေပါဖြစ်တတ်ပါတယ်။
(၅) ခြေထောက်၊တင်ပါးနဲ့နောက်ကျောတွေ နာကျင်
ကင်ဆာကြောင့်သွေးကြောတွေကိုပါ ထိခိုက်မှုတွေရှိလာတာကြောင့် တင်ပါး ဆုံရိုးနဲ့ခြေထောက်တွေဆီ သွေးလျောက်ရာမှာ အခက်အခဲရှိလာနိုင်တာကြောင့် ခြေထောက်၊ခြေကျင်း၀တ်၊တင်ပါးနဲ့နောက်ကျောတွေမှာ နာကျင်မှုတွေ ခံစားရတာဖြစ်ပါတယ်။
(၆) ကိုယ်အလေးချိန်ကျဆင်း
ကိုယ်အလေးချိန်ကျဆင်းတာ(သို့)အစားအသောက်ပျက်တာတွေကတော့ ကင် ဆာရောဂါတိုင်းလိုလိုမှာ တွေ့ရတဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။သားအိမ်ခေါင်းကင်ဆာမှာလည်း ဒီလိုရောဂါလက္ခဏာမျိုးကို ပြတတ်ပါတယ်။
❣️သားအိမ်ခေါင်းကင်ဆာရဲ့ တခြားလက္ခဏာတွေကတော့ ပုံမှန်ထက်ရာသီသွေး ဆင်းတဲ့ရက်ပိုကြာတာ၊
ဆင်းတဲ့ပမာဏပိုများတာ၊လိင် ဆက်ဆံပြီး ရင် သွေး ဆင်းခြင်း၊လိင်ဆက်ဆံတဲ့အခါ နာကျင်ခြင်း တို့ဖြစ်ပါတယ်။
Credit to # Dr. Thwe
#သားအိမ်ခေါင်းကင်ဆာ

image