ယောဂသမိုင်းက ဘာလဲ
ယောဂကျင့်စဉ်၏ အတိတ်သမိုင်းကို ပြန်လည်ရှာဖွေကြည့်ပါက ရိုးရာအစဉ်အလာများ ၊ ယဉ်ကျေးမူထုံးတမ်းများ ၊ ဒဏ္ဍာရီ ပုံပြင်များဖြင့် မလွဲမသွေ ယှဉ်တွဲလေ့လာကြရမည်ဖြစ်ပါသည် ။ ထို့ကြောင့်ပင် လူများစွာတို့က ယောဂကို ဒဏ္ဍရီလာ စိတ်ကူးယဉ်ဆန်သော ကျင့်စဉ်တစ်ရပ်အဖြစ် ရူမြင်နေကြခြင်း ဖြစ်နိုင်ပါသည် ။ ထို့ပြင် ယနေ့ခေတ်တွင် လူတိုင်းနီးပါးသည် ယောဂကျင့်စဉ်ကို လိုက်နာကျင့်သုံသူ ယောဂီ/ယောဂိနီများ လွယ်ကူစွာ ဖြစ်နိုင်ကြသော်လည်း လွန်ခဲ့သော အတိတ်သမိုင်းကို ပြန်လှန်စောင်းငဲ့ကြည့်ပါက ယောဂကျင့်စဉ်ဟူသည် မသက်ဆိုင်သူများ ၊ သာဝကမဟုတ်သူများ ကျင့်ခွင့်ရရှိရန် မလွယ်ကူသော လှို့ဝှက်နက်နဲသည့် ကျင့်စဉ်တစ်ရပ်ဖြစ်ပါသည် ။
မသက်ဆိုင်သူများထံ မရောက်ရှိသွားစေရန် စာပေဖြင့် မှတ်တမ်းတင်ခြင်း မပြုခဲ့ကြဘဲ
ဆရာသခင် ဂုရုများက တပည့်သာဝကများကို နုတ်ဖြင့်သာ တိုက်ရိုက် သင်ကြားပြသပေးခဲ့ကြသည် ။ ထို့ကြောင့်ပင် ယောဂကျင့်စဉ်၏ သမိုင်းအစစ်အမှန်ကို သိပ္ပံနည်းကျ ပြောဆိုနိုင်ရန် အခက်အခဲရှိစေခဲ့ပါသည် ။
ယနေ့ခေတ်ယောဂသမိုင်းပညာရှင်များ၏ လေ့လာချက်များအရ ယောဂသမိုင်းသည် လွန်ခဲ့သော နှစ် ၅၀၀၀ ခန့်ကပင် စတင်လာခဲ့သည်ဟု သိရှိရပါသည် ။ တချို့သောပညာရှင်များကမူ ထို့ထက်ပို၍ အနှစ် ၁သောင်း ကျော်ကပင် စတင်လာခဲ့သည်ဟု ဆိုကြပါသည် ။ မည်သို့ပင်ဖြစ်စေ ယောဂကျင့်စဉ်သည် ရှေးအာရိယန်ခေတ်ဦးကပင် စာပေ အထောက်အထားနှင့် အခိုင်အမာရှိနှင့်နေပီး ခေတ်အမျိုးမျိုးကို ဖြတ်သန်းကာ ယနေ့ခေတ်တိုင် ဆက်လက်ရှင်သန်ဖွံ့ဖြိုးနေသည်မှာ ယုံမှားဖွယ်မရှိပါပေ ။
ရှည်လျားလှသော ယင်း ခရီးရှည်ကြီးကို ခေတ်အမျိုးအစား ၄ မျိုးခွဲ၍ လေ့လာကြည့်ပါက ယောဂကျင့်စဉ်၏ အရေးပါမူ ၊ ဆန်းသစ်လာမူ ၊ တိုးတက်ထွန်းကားလာမူများကို အသေအချာ လေ့လာသိရှိသွားမည် ဖြစ်ပါသည် ။

Credit photo owner

image