19/09/2025
ကားမတော်တဆမှုကြောင့်မြန်မာနိုင်ငံသားအလုပ်သမားတဦးဒဏ်ရာပျင်းထန်
ထိုင်းနိုင်ငံ အယုဒ္ဓယ ဘန်ဖားတွင်ရှိသော
အိမ်ဆောက်ပစ္စည်းဆိုင် တွင် အလုပ်လုပ်နေသော
ဘတ်သစ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမား
ကိုချစ်တိုးအောင်သည် ထိုအလုပ်တွင်လုပ်ကိုင်နေသည်မှာ
တစ်နှစ်ကျော်ရှိသည်ဟုဆိုသည်။
ထိုအလုပ်တွင် အလုပ်လုပ်နေစဥ်(25.8.2025)ရက်နေ့ ညနေ
(4အချိန်တွင်ကားပေါ်မှဆင်း၍ သူဌေး၏ဘောင်ချာအား
ဆင်းစောင့်နေချိန် သူဌေးကိုယ်တိုင်မောင်းနေသည့်ကားမှ
အပေါ်ကမှနောက်ဆို့ဆုတ်ရာ ကိုချစ်တိုးအောင်အား
ကားကြားညှပ်မိခဲ့သည်ဟုဆိုသည်။
အခင်းဖြစ်ဖြစ်ချင်း ည(7အချိန်တွင် ဘန်ဖိဆေးရုံတွင်
သွားခဲ့ပြီး လူနာ၏ဒဏ်ရာများကိုကုသရန် မနိုင်သောကြောင့်
အယုဒ္ဓယဆေးရုံသို့ ည(8အချိန်တွင် ပို့ဆောင်ခဲ့ပြီး
(9အချိန်တွင်ခွဲစိတ်ခန်းဝင်ရသည်ဟုဆိုသည်။
ကိုချစ်တိုးအောင်သည် ဘယ်ဘက်လက် လက်ကောက်ဝတ်
အက်သွားခဲ့ပြီး ဝမ်းဗိုက်တွင် အူတစ်ချောင်းပြန်ဆက်ရသည်။
အစာအိမ်ပေါက်ပြီး အသည်းအက်သွားသွားသဖြင့်
(35)ချက်ချုပ်ရသည်ဟုဆိုသည်။
ကိုချစ်တိုးအောင်၏ အကိုဖြစ်သူ ကိုချစ်ပြုံးအောင်မှ
ဆေးရုံတတ်နေသည့် ကာလတွင် ဆေးကုသမှု စရိတ်နှင့်
ထိခိုက်ဆုံးရှုံးသွားသည့် အပေါ်ထိုက်သင့်သည့်နစ်နာကြေး
ပြန်လည်ရရှိရန်အတွက် အကူညီတောင်းခံလာသောကြောင့်
(19.9.2025)ရက်နေ့တွင် အမှုလက်ခံခဲ့ပါသည်။
တခုတော့ပြောချင်ပါချစ်ရပါသောအလုပ်သမားအားလုံး
အလုပ်လုပ်တဲ့အခါဖြစ်စေ လမ်းသွားလမ်းလာဖြစ်စေ
အစစအရာရာဂရုစိုက်ကြဖို့သတိပေးလိုပါတယ်။
မတော်တဆဆိုတာကြိုတင်သိမထားတဲ့အတွက်ဖြစ်လာရင်
မိသားစုတွေစိတ်ဆင်းရဲဝမ်းနည်းကြရမည့်အဖြစ်မျိုးမကြုံစေချင်
အားလုံးကံကောင်းကြပါစေအန္တာရာယ်ကင်းဘေးကင်းကြပါစေ။