11 ပတ် - ဘာသာပြန်ပါ။

🤯ဆိုင်ထဲဝင်လိုက်တာနဲ့ မီနူး နာမည်တွေကစပြီး ထူးခြားတဲ့ ရခိုင်ဆိုင်❗️
ရခိုင်ဆိုင်ဆိုတော့ မုန့်တီ၊ ဟင်းကောင်းကောင်း
လောက်ပဲ မျှော်နေတာ... ဒါပေမယ့် ဒီလိုမျိုး မြင်ဖူးနားဝမရှိတဲ့ စားစရာတွေကို မြင်လိုက်ရတော့... "ဟမ်.. ဘယ်လိုကြီးလဲပေါ့"
အထူးသဖြင့် ဒီ Seafood အုန်းသီးချက်ဆိုတာလေး...🥥
အုန်းရည်နဲ့ချက်ထားတဲ့ တမူးထူးခြားတဲ့ ပင်လယ်စာဟင်းလျာ။ အုန်းသီးအချို့၊ ပုဇွန်အစိမ်းနဲ့ ကမာကောင်လေးတွေပါတဲ့ ဒီဟင်းခွက်ထဲကို ဇွန်းနဲ့ခပ်လိုက်တာနဲ့ ရှယ်မိုက်လွန်းလို့ "အမ်----" ဆိုပြီး မျက်လုံးတွေပြူးတဲ့ထိ ပူပူနွေးနွေး အရသာကလည်း ဘယ်လိုမှ ခွဲမရအောင်ကောင်း🤤
ငါးကြင်းမမှီးနှစ်ရောင်ခြယ် ဆိုတာကလည်း နာမည်ကိုက စိတ်ဝင်စားစရာ။ ငါးကြင်းအသားနုနုလေးနဲ့ စားကြည့်တော့မှပဲ အရသာက ရိုးရိုးငါးကြင်းဟင်းတွေနဲ့မတူ၊ ချဉ်ချဉ်စပ်စပ်လေးနဲ့ ဆန်းကျယ်နေတာ...
ပုဇွန်ငါးမုန့်လိပ် နဲ့ အဏ္ဏဝါငှက်သိုက် တို့ကလည်း နာမည်အတိုင်း ပုံစံအတိုင်း ထူးခြားနေပြန်ရော။ ပုဇွန်လိပ်လေးတွေရဲ့ အပြင်ဘက်က ကြွပ်ကြွပ်လေးနဲ့ အတွင်းက ငါးမုန့်နုနုလေး... ငှက်သိုက်လိုမျိုး အနှစ်လေးတွေမှာ ပင်လယ်စာအဖတ်တွေ ပါဝင်နေတာ... ဒီလိုမျိုး စားဖို့အတွက် စိတ်ကူးယဉ်ဆန်ပေမဲ့ တကယ်စားကြည့်တော့လည်း ကောင်းနေပြန်ရော🙂‍↕️
ဒီလိုမျိုး မီနူးနာမည်တွေကလည်း ထူး၊ အရသာကလည်း ဆန်းကျယ်လို့ ဘယ်လိုချက်ထားလဲ ထိုင်စဉ်းစားမိတဲ့အထိ ကောင်းတဲ့ဆိုင်လေး Y and P restruant and barဆိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်...💯

image