CV form တစ်ခုကို Professional ကျကျ ဘယ်လိုမျိုး တည်ဆောက်ရမလဲ?
++++++++++++++++++++++++++++++++++++++++++
အလုပ်လျှောက်တဲ့အခါ ပထမဆုံးနဲ့ အရေးအကြီးဆုံး ပြင်ဆင်ရမှာကတော့ ကိုယ့်ရဲ့ CV ဖောင်ပါပဲ။
အလုပ်ခန့်မယ့် Recruiter က အရင်ဆုံး CV form တွေကိုရွေးချယ် စစ်ထုတ်ပြီးမှ နောက်ထပ် interview နဲ့ အလုပ်ခန့်အပ်မယ့် processes တွေကို ဆက်သွားမှာဖြစ်တာကြောင့် ပထမဆုံးနဲ့ အရေးအကြီးဆုံးအဆင့်ဖြစ်တဲ့ CV form စီစစ်ရွေးချယ်တဲ့အဆင့်မှာတင် ကိုယ့်ရဲ့ CV form က ပယ်ချမခံရအောင် အစွမ်းကုန်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
အရည်အသွေးပြည့်မှီပြီး ဆွဲဆောင်မူရှိတဲ့ CV တစ်စောင်က အလုပ်ရဖို့ ၆၀ % လောက် အကူအညီပေးနိုင်ပြီး အချက်အလက်တွေမပြည့်စုံဘဲ ပြီးစလွယ်တည်ဆောက်ထားတဲ့ CV ဖောင်တွေကတော့ အပိုင်း ( ၁ ) နဲ့တင် ဇာတ်သိမ်းသွားရပါလိမ့်မယ်။
ဒါဆိုရင် အရည်အသွေးပြည့်မှီတဲ့ CV form တစ်ခုကို ဘယ်လိုမျိုး Professional ကျကျ တည်ဆောက်ရမလဲ?
အရင်ဆုံး CV form တစ်ခုမှာ မဖြစ်မနေ ပါရှိရမယ့်အချက်အလက်တွေကို ပြောပြချင်ပါတယ်။
( 1 ) Personal Information
ကိုယ့်ရဲ့ နာမည်နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ email လိပ်စာတို့ မဖြစ်မနေပါရှိရပါမယ်။ အကယ်၍ ကိုယ်လျှောက်မယ့်အလုပ်က customer နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရမယ့်အလုပ်မျိုးဆိုရင် ကိုယ့်ရဲ့ physical appearance ( Photo ) ပါ ထည့်သွင်းဖော်ပြသင့်ပါတယ်။ ကိုယ့်မှာ LinkedIn လိုမျိုး Professional Network Profile ရှိရင်လည်း ထည့်သွင်းဖော်ပြလို့ရပါတယ်။
( 2 ) Professional Summary
ကိုယ့်မှာရှိတဲ့ အရည်အချင်း၊ အတွေ့အကြုံနဲ့ ကျွမ်းကျင်မူ့တွေကို စာ ၂ ကြောင်း၊ ၃ ကြောင်းခန့် အကျဥ်းချုပ်ပြီး ဖော်ပြသင့်ပါတယ်။
( 3 ) Key Skills
ကိုယ်လျှောက်မယ့်အလုပ်အတွက်လိုအပ်မယ့် ကိုယ့်မှာရှိတဲ့ soft skills, hard skills တွေကို ဖော်ပြရပါမယ်။
( 4 ) Work Experience
ကိုယ်နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်ကနေစပြီး Position, Company Name, Location နဲ့ ကိုယ်လုပ်ခဲ့တဲ့ ကာလအပိုင်းအခြားတို့ကို ဖော်ပြရပါမယ်။
ပြီးသွားရင်တော့ ကိုယ်တာဝန်ယူလုပ်ဆောင်ခဲ့ရတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ကိုယ်ရရှိခဲ့တဲ့ လုပ်ငန်းခွင်အောင်မြင်မူ့တွေကို ထည့်သွင်းဖော်ပြနိုင်ပါတယ်။
( 5 ) Education & Certificates
ကိုယ်ရရှိခဲ့တဲ့ ပညာရေးနဲ့ပါတ်သက်တဲ့ ဘွဲ့၊ Degree တွေနဲ့ အခုလျှောက်မယ့်အလုပ်နဲ့ သက်ဆိုင်တဲ့ certificates တွေရှိရင်လည်း ထည့်သွင်းဖော်ပြပေးလို့ရပါတယ်။
ဘယ်လိုအချက်တွေကို ကိုယ့်ရဲ့ CV form မှာ မထည့်သင့်ဘူးလဲ?
++++++++++++++++++++++++++++++++
( 1 ) မလိုအပ်တဲ့ Personal Information များ
ကိုယ့်ရဲ့ ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ သွေးအမျိုးအစား၊ ကိုးကွယ်တဲ့ဘာသာ စတဲ့မလို့အပ်တဲ့ personal အချက်အလက်တွေ ထည့်သွင်းဖော်ပြတာမျိုး ရှောင်ရှားသင့်ပါတယ်။ ကိုယ်လျှောက်မယ့် ရာထူး Position အတွက် လိုအပ်တယ်ဆိုမှသာ ထည့်သွင်းဖော်ပြသင့်ပါတယ်။ ( ဥပမာ။ ။ Cabin Crew လျှောက်ထားဖို့ဆိုရင် အရပ်အမြင့်၊ ကိုယ်အလေးချိန်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြဖို့ လိုအပ်ပါတယ်။)
( 2 ) လုပ်ငန်းနဲ့ မသက်ဆိုင်သည့် Skills များ
ကိုယ်က IT & Technology နဲ့ သက်ဆိုင်တဲ့အလုပ်ကို လျှောက်ပြီး ကိုယ့်ရဲ့ Skills တွေကတော့ Finance & Accounting နဲ့ သက်ဆိုင်တာတွေဖော်ပြထားလို့ မရပါဘူး။
( 3 ) များပြားလှ​သော နယ်ပယ်အသီးသီးမှ လုပ်ငန်းအတွေ့အကြုံများ
လုပ်ငန်းအတွေ့အကြုံအများကြီးရှိ​ကြောင်းပြချင်ရုံနဲ့ ကိုယ်လုပ်ဖူးသမျှအလုပ်တွေအကုန် ဖော်ပြဖို့မလိုအပ်ပါဘူး။ ကိုယ်လျှောက်မယ့်အလုပ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းအတွေ့အကြုံ ၂ ခု၊ ၃ ခုလောက်သာ ထည့်သွင်းဖော်ပြသင့်ပါတယ်။ လုပ်ငန်းအတွေ့အကြုံအများကြီး​ဖော်ပြထားတဲ့လူတစ်ယောက်ဟာ Company တစ်ခုမှာ စွဲစွဲမြဲမြဲ အားစိုက်လုပ်ကိုင်တက်တဲ့လူမျိုးမဟုတ်ဘူးလို့ ယူဆခံရနိုင်တာကြောင့် လုပ်ငန်းအတွေ့အကြုံအများကြီးထည့်သွင်းဖော်ပြတာမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။
( 4 ) CV form တစ်ခုထဲကိုပဲ ထပ်တလဲလဲ အသုံးပြုခြင်း
ကိုယ်လျှောက်မယ့် ရာထူး၊ Position ပေါ်မူတည်ပြီး ကိုယ့်ရဲ့ CV form ကို ပြောင်းလဲပြင်ဆင်တာမျိုး လုပ်ရပါမယ်။ Waiter Position လျှောက်လည်း ဒီ CV form၊ Manager Position လျှောက်လည်း ဒီ CV form ဆိုရင်တော့ ကိုယ်လိုချင်တဲ့အလုပ်ကိုရဖို့ ခက်ခဲနေဦးမှာပါ။ ကိုယ်လျှောက်မယ့် အလုပ် position ရဲ့ Job description & requirements တွေပေါ်မူတည်ပြီး ကိုယ့်ရဲ့ CV ကို ပြင်ဆင် ဖြည့်ဆွက် upgrade လုပ်သင့်ပါတယ်။

image