ရန်ကုန်မှာ အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုဖြစ်ပွား

စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်မှာ အသက် (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ စက်တင်ဘာ ၁၈ ရက်၊ နေ့လည် ၂နာရီကျော်ခန့်က ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အဲဒီကလေးငယ်ကို ဗိုလ်တထောင်မြို့နယ် (၄၈) လမ်း၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြားက ကားပါကင်အနောက်ကနေ တွေ့ရှိခဲ့တာလို့ သိရပြီး ကလေးငယ်ဝတ်ဆင်ထားတဲ့ ဂါဝန်အင်္ကျီနဲ့ ခြေထောက်တွေမှာ သွေးတွေပေကျံနေတာကို တွေ့ရတာကြောင့် လူမှုကူညီရေးအသင်းတွေဆီ အကြောင်းကြားခဲ့ကြတာလို့ ဆိုပါတယ်။

သတင်းအရ လူမှုကူညီရေးအသင်းတွေနဲ့ ဆရာဝန်တွေက သွားရောက်စစ်ဆေးတဲ့အခါ အဓမ္မပြုကျင့်ခံထားရတာကို တွေ့ရှိရတာကြောင့် ရှင်သန်ရေးကူညီမှုအသင်းကားနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကလေးငယ်ကို ရန်ကုန်ဆေးရုံကြီးကနေ ဟယ်လ်ပင်ကလေးဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ကူညီပေးခဲ့ပြီး ဌာနဆိုင်ရာနဲ့ ကလေးမိဘတွေ ရောက်ရှိလာတာကြောင့် အပ်နှံပေးခဲ့တယ်လို့လည်း သိရပါတယ်။

#centralnewsnaypyitaw

image
image
image