စည်းကမ်းမလိုက်နာသည့် ပုံနှိပ်တိုက်တစ်ခုနှင့် စာပေတိုက်တစ်ခုတို့၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အသိပေးကြေညာ
စက်တင်ဘာ ၁၈
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က)ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့သော ပုံနှိပ်တိုက်တစ်ခုနှင့် စာပေတိုက်တစ်ခုတို့၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက်တွင် အသိပေးကြေညာခဲ့သည်။
အဆိုပါပုံနှိပ်တိုက်နှင့် စာပေတိုက်မှာ ဦးအေးသောင်း၏ (အောင်ပညာမြင့်ပုံနှိပ်တိုက်-၀၁၅၀၈) နှင့် ထုတ်ဝေသူ ဦးအောင်စိုး (တစ်ထိပ်တန်းစာပေ-၀၀၁၉၈)တို့ဖြစ်သည်ဟု သိရပြီး ၎င်းတို့၏ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှစတင်၍ ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
၎င်းတို့သည် ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က)ပါ စည်းကမ်းချက်များကို ဖောက်ဖျက်၍ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေသည့် အကြောင်းအရာများကို ပုံနှိပ်ထုတ်ဝေခဲ့သဖြင့် ယခုလို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုတ်သိမ်းလိုက်ခြင်းလည်းဖြစ်သည်။
ယင်းပုံနှိပ်ခြင်းလုပ်ငန်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းတို့သည် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ မည်သည့်ထုတ်ဝေစာကိုမျှ ပုံနှိပ်ဆောင်ရွက်ခြင်းနှင့် ထုတ်ဝေဖြန့်ချိဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်ချက်တွင် အသိပေးတားမြစ် ဖော်ပြထားသည်။
#centralnewsnaypyitaw