#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တောင်တရုတ်ပင်လယ် အငြင်းပွားရေပြင်၌ တရုတ်နှင့်ဖိလစ်ပိုင်သင်္ဘောများ ဝင်တိုက်
တောင်တရုတ်ပင်လယ်ပိုင်ဆိုင်ခွင့် အငြင်းပွားရေပြင်ဒေသတစ်ခုဖြစ်သည့် စကားဘိုရိုရေမြုပ်သဲသောင်နယ်မြေ၌ ဖိလစ်ပိုင်သင်္ဘောတစ်စင်းက တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စင်းကိုစက်တင်ဘာ ၁၆ ရက်တွင် ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့ ကြောင်း တရုတ်ကမ်းခြေစောင့်တပ်က သတင်းထုတ်ပြန်ထားသည်။
သို့ရာတွင် တရုတ်ကမ်းခြေစောင့်တပ်၏ အထက်ပါစွပ်စွဲချက်ကို ဖိလစ်ပိုင်နိုင်ငံက ငြင်းဆိုထားပြီး တရုတ်ကမ်းခြေစောင့် သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို အားကောင်းသည့် ရေအမြောက်များဖြင့် ရန်ပြုခဲ့ကြောင်း တုံ့ပြန်ပြောကြားထားသည်။
တရုတ်ကမ်းခြေစောင့် သင်္ဘောများ၏ ရေအမြောက်ဒဏ်ကြောင့် ဖိလစ်ပိုင်သင်္ဘော ထိခိုက်ပျက်စီးခဲ့ရပြီး သင်္ဘောသားတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၆ ရက်တွင် ဖိလစ်ပိုင်အစိုးရသင်္ဘော ၁၀ စင်းတို့သည် စကားဘိုရိုနယ်မြေအတွင်းသို့ အရပ်မျက်နှာအသီးသီးမှ ဝင်ရောက်လာမှုကြောင့် ရေအမြောက်များဖြင့် တားဆီးခဲ့ခြင်း ဖြစ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်က ပြောကြားထားသည်။
ရိုက်တာ

image