ယုန်ကလေးကနားရွက်ထောင် ပညာရှိယောင်ဆောင်
ကဗျာကြားဖူးတယ်မလား ဟူးမန်းတို့ 🙄
ဒါပေမယ့် မင့်ဆီက ယုန်လေးတွေက
နားရွက်ထောင်လေးတွေတော့ ဟုတ်မနေဘူး🫢
နားရွက်လေးတွေက ရှည်ရှည်လေးတွေနဲ့
ဖားလျားကျနေတဲ့ Holland Lop Bunny လေးတွေပါ
သူတို့ရဲ့ ခန္ဓာကိုယ်ကလည်း ကြီးလာရင်
လုံးဝကိတ်ကိတ် လုံးလုံးကြီးတွေပါ 😍♥️
ကြောင်တစ်ကောင်ရဲ့ ဆိုဒ်လောက်ထိကို ထွားတာ
ဒါပေမယ့် ကြောင်လေးတွေလိုတော့ အရပ်မမြင့်ဘူး
ပုပုလုံးလုံးကိတ်ကိတ်ကြီးတွေပေါ့ 🫢♥️
IQ ကလည်း ခွေးလေးတွေ ကြောင်လေးတွေ
လောက်နီးနီး ဉာဏ်ကောင်းတယ် သခင်သိတယ်။
ဒါ့အပြင် Potty Training လည်းရတယ် 💩🤎
Indoor မွေးရတဲ့ pet လေးဖြစ်တာကြောင့်
ခြံကျယ်ကျယ်ရှိစရာမလိုဘဲ
Apartment တို့ condo တို့မှာ နေတဲ့
ဟူးမန်းတွေလည်းမွေးလို့ ရတယ် 😍♥️
ခွေးလေးတွေ ကြောင်လေးတွေမွေးတာလောက်
သိပ်အလုပ်မရှုပ်ဘဲနဲ့ ချစ်လို့ရသောလေးတွေ 😍🥰
ဒါလေးတွေကတော့ မင့်ဆီကို
သိပ်မကြာခင် youk တော့ မယ့်
Holland Lop အရောင်လေးတွေပါ 👀 ကြိုစပွိုင်းတာ
ဘယ်အရောင်လေးတွေလှလဲလို့
Colour လေးတွေကို တစ်ပုံချင်းစီ ကြည့်ကြည့်နော်။




