မြန်မာ့ဆန်ကို တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်ထံ ဦးစားပေး ရောင်းချမည်ဟု ဆန်စပါးအသင်းချုပ်ပြော

စက်တင်ဘာ ၁၇

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို မြန်မာ့ဆန် တင်ပို့ရောင်းချနိုင်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လကုန်အထိ တစ်လကို ဆန်တန်ချိန် (၂) သိန်း ပုံမှန်တင်ပို့ခဲ့ပြီး အောက်တိုဘာလမှစပြီး ၂၀၂၆ ခုနှစ် မတ်လအထိ တစ်လကို တန်ချိန် (၃) သိန်းစီ ပြည်ပတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာဆန်ဈေးနှုန်းတွေက ကျဆင်းခဲ့ပေမယ့် ယခုအချိန်ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက် ထပ်မံကျဆင်းဖို့ မဖြစ်နိုင်တော့ကြောင်း နိုင်ငံတကာဈေးကွက်ကျွမ်းကျင်သူများမှ သုံးသပ်တဲ့အကြောင်းလည်း ဖော်ပြပါတယ်။

ယခုနှစ် မိုးစပါး အနည်းငယ် စတင်ထွက်ပေါ်နေပြီး ဒေသအချို့မှာ စပါး/ ဆန် ဝယ်လိုအားကျဆင်းနေလို့ ဈေးနှုန်းတွေ ကျဆင်းပြီး တောင်သူလယ်သမားတွေ စိတ်ပူပန်နေရကြောင်းနဲ့ ဝင်ငွေထိခိုက်နိုင်ကြောင်း သုံးသပ်တင်ပြချက်တွေ ပေါ်ထွက်နေတယ်လို့လည်း အသင်းချုပ်ကနေ သိရပါတယ်။

အသင်းချုပ်ဘက်ကတော့ Exporter ကုမ္ပဏီကြီးတွေကို တောင်သူတွေထံက စပါး/ ဆန် ဝယ်ယူမှုတွေကို အင်တိုက် အားတိုက် ဆောင်ရွက်ပြီး ဈေးကွက်ဝယ်လိုအားမြှင့်တင်ပေးဖို့နဲ့ ဝယ်ယူပြီးစီးမှုအပေါ် သယ်ယူပို့ဆောင်မှု၊ ကြိတ်ခွဲမှု၊ ပြည်ပတင်ပို့မှု စတဲ့ ကိစ္စရပ်တွေအပေါ် ငွေကြေး/ လုပ်ငန်းအခက်အခဲတွေဖြစ်ပေါ်ရင် အသင်းချုပ်ကို အချိန်နဲ့အညီ ချိတ်ဆက်တင်ပြဖို့ အသိပေးထားပါတယ်။

သတင်း - BETV

#သတင်းဟင်းလေးအိုးကြီး

image