1 ရက် - ဘာသာပြန်ပါ။

Slotherhouse (2023) မြန်မာစာတန်းထိုး
အမိုက်စားဇာတ်ကားအသစ်ကြီးလာပါပြီ 😳😳
ကာတွန်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေထဲမှာ အရမ်းကို နှေးတဲ့အကောင်လေးတွေအဖြစ် ပုံဖော်ထားတဲ့ စလော့သ်ဟာ ဒီရုပ်ရှင်ထဲမှာ မြန်ဆန်ပြီး လူလို ဉာဏ်ကောင်းနေပါတယ်။ ပြီးတော့မှ စိတ္တဇလည်းဖြစ်နေပြီး လူတွေကို လိုက်သတ်တဲ့ ကားမျိုးပါ။ သားသတ်ရုံကို slaughterhouse လို့ ခေါ်ပါတယ် ဓားတွေသေနတ်တွေနဲ့ ချတာတွေပါပြီး Scary movie ဆန်ဆန် အခွီတွေလည်းပါပါတယ်။~ ဇာတ်လမ်းအကျဉ်း ~အထက်တန်းကျောင်းက မိန်းကလေးဆောင်တစ်ခုမှာ နောက်ဆုံးနှစ် တက်နေတဲ့ အမ်မလီဆိုတဲ့ ကျောင်းသူလေးဟာ တောထဲက မုဆိုးတစ်ယောက်ဖမ်းလာတဲ့ စလော့သ်လေးတစ်ကောင်ကို ခေါ်လာမိပါတယ်။ သူ့ကို တစ်ဆောင်လုံးက သဘောတွေကျပြီး နာမည်ကြီးနေပေမဲ့ အမ်မလီရဲ့ ပြိုင်ဘက် မိန်းကလေးတစ်စုကတော့ မကြိုက်ပါဘူး။ ဒါကြောင့် အမ်မလီမသိအောင် သူ့ကို လွှင့်ပစ်ဖို့ ရှင်းပစ်ဖို့ ကြိုးစားပေမဲ့ သူတို့ထင်သလို ရိုးရိုးစလော့သ်မဟုတ်ဘဲ စောင်ဆန်းစလော့သ်ဖြစ်နေတာကြောင့် တစ်ဆောင်လုံးကို တန်းစီပြီးပြန်လိုက်သတ်ပါတော့တယ်။
Crd .

image