ါဝင်တဲ့ ဓာတ်မြေဩဇာရည်ကို ရရှိပါတယ်။
🌱 လိုအပ်တဲ့ပစ္စည်းများ....
* ငှက်ပျောခွံ
* အားဖြည့်အချိုရည် (M150၊ ကျွဲးရိုင်းလိုချိုရည်မျိုး)
* ရေသန့်
* အချိုမှုန့်
🎯 ပြုလုပ်နည်းအဆင့်ဆင့်......
၁။ ငှက်ပျောခွံတွေကို အတုံးသေးသေးလေးတွေတုံးပြီး ပုလင်းထဲကို ရေထည့်ပါ။
၂။ အဲ့ဒီနောက် ပုလင်းထဲကို ငှက်ပျောခွံတွေထည့်ပါ။
၃။ အားဖြည့်အချိုရည်ကို ထမင်းစားဇွန်း ၁ ဇွန်းနဲ့ အချိုမှုန့်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပြီး အဖုံးပိတ်ကာ သေချာလှုပ်ခါပေးပါ။
၄။ နေရောင်ခြည်မရတဲ့နေရာမှာ ၇ ရက်ကနေ ၁၄ ရက်အထိထားပြီး အချဉ်ဖောက်ပါ။ ငှက်ပျောခွံတွေ ပျော်ဝင်သွားပြီး နောက်ကျိကျိအရည်ဖြစ်လာရင် အသုံးပြုနိုင်ပါပြီ။
🌱 အကျိုးကျေးဇူးများ....
ပိုတက်ဆီယမ် -
အမြစ်၊ အရွက်နဲ့ အသီးတွေကို ကြီးထွားသန်မာစေပြီး ကျိုးပဲ့လွယ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရသာပိုရှိစေပြီး အသီးနဲ့အရွက်တွေကို ပိုမိုများပြားစေပါတယ်။ ရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။
ဖော့စ်ဖရပ်စ် -
ပန်းနဲ့အသီးတွေကို ပိုမိုကြီးထွားဖွံ့ဖြိုးအောင် ကူညီပေးပြီး အမြစ်ထွက်အားကိုလည်း ကောင်းစေပါတယ်။
ကယ်လ်ဆီယမ် -
ပင်စည်ကို သန်မာစေပြီး အလွယ်တကူမကျိုးပဲ့အောင် ကာကွယ်ပေးပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ ငရုတ်သီး၊ ပင်စိမ်း၊ ရှောက်ချိုသီးစတဲ့ အသီးအပွင့်များများသီးတတ်တဲ့အပင်တွေအတွက် အခိုင်အမာခံနိုင်ရည်ရှိစေပြီး အကိုင်းအခက်တွေလည်း မကျိုးပဲ့နိုင်အောင် ကူညီပေးပါတယ်။
