ဆီးဖြူသီးထောင်း
****************
ဆီးဖြူသီးကို ပွက်ပွက်ဆူတဲ့ ရေနွေးထဲထည့်၍ ခဏပြုတ်ပါ။
ပီးရင် ညှစ်လိုက်ပါ။ ကွဲသွားပါလိမ့်မယ်။ အစေ့ထုတ်လိုက်ပါ။
ဆီးဖြူသီးကို ငရုတ်ဆုံထဲ ထည့်၍ ညက်အောင်ထောင်းပါ။
ငရုတ်သီးစိမ်းလှော်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။
ဥတစ်လုံး ကြက်သွန်ဖြူ ထည့်ထောင်းပါ။
ဟင်းချိုမှုန့် , ဆားထည့်ပါ။
အားလုံးရောထောင်းလိုက်ပါ။
ပီးရင် မြေပဲဆီ စစ်စစ်လေး ထည့်နယ်လိုက်ပြီးရင် ရပါပြီ။
ဒါကတော့ သက်သတ်လွတ် အထောင်းလေးပါ။
မြေပဲဆန် ကြိုက်သူများက မြေပဲဆန် ထည့်ထောင်းလို့ရပါတယ်။
သက်သတ်လွတ် မဟုတ်ရင်တော့
ပုစွန်ခြောက်မှုန့်လေးထည့်ထောင်းလဲ စားလို့ကောင်းပါတယ်။