5 ပတ် - ဘာသာပြန်ပါ။

တိရစ္ဆာန်လေးတွေကို ချစ်တတ်လာတဲ့အခါ အဲ့လူတွေဟာ ပိုနူးညံလာကြတယ် 🤍
ကြုံဖူးကြမှာပါ။ ခွေး၊ ကြောင်လုံးဝအမွေးမခံတဲ့ လူကြီးတွေ၊ အဖိုးအဖွားတွေ။
အတိုက်အခံလုပ်ပြီးမွေးတာက ကိုယ်၊ ပြီးရင် အဲ့အဖိုး၊ အဖွားတွေပဲ လက်ကမချ သဲသဲလှုပ်ချစ်သွားကြတာမျိုးလေ။
ကိုယ့်အကျိုးရှိဖို့၊ ကိုယ့်အတွက် အသုံး၀င်ဖို့တစ်ယောက်ကိုတစ်ယောက် အသုံးချနေတဲ့ခေတ်ထဲ ဒီလိုမျိုး ချစ်ခြင်းမေတ္တာဟာရှားသွားပါပြီ။
ခွေး၊ ကြောင်လေးတွေကို ချစ်တဲ့အချစ်က တကယ်ထူးဆန်းတယ်။ စီးပွားရေးအတွက် အထောက်အကူပြုလို့လဲ မဟုတ်ဘူး။ အိမ်အလုပ်တွေ ကူလုပ်ပေးနိုင်လို့လဲ မဟုတ်ဘူး။
သူတို့ဆီကနေအကျိုးတစ်စုံတစ်ရာကို မရရင်တောင် ချစ်နိုင်တာမျိုးလေ။ အဲ့အချစ်က လူတွေကိုပြောင်းလဲလာစေတယ်။
နူးညံလာစေတယ်။
ပေးဆပ်လာစေတယ်။
အနစ်နာခံလာစေတယ်။
ဒီလိုမေတ္တာမျိုးတွေ လူတွေအချင်းချင်းပေါ်ထားလာနိုင်တဲ့အခါ ကမ္ဘာကြီးပိုအေးချမ်းလာလေမလား

image