3 d - Translate

ပြည်ပသို ဆန်တင်ပိုရာတွင် အောက်တိုဘာလမှစ၍ တစ်လလျှင် တန်ချိန် ၃ သိန်းတင်ပိုနိုင်ရန်ကြိုးပမ်း
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လာမည့်အောက်တိုဘာလမှစတင်၍ ပြည်ပသို့ဆန်တင်ပို့ရာတွင် တစ်လလျှင် တန်ချိန် ၃ သိန်းတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဩဂုတ်လကုန်အထိတစ်လလျှင် ဆန်တန်ချိန် ၂ သိန်း ပုံမှန်တင်ပို့လျက်ရှိပြီး ယခု စက်တင်ဘာလတွင်လည်း တန်ချိန် ၂ သိန်းတင်ပို့မည်ဖြစ်ကြောင်း သိရပါတယ်။

လာမည့် အောက်တိုဘာလမှစ၍ ၂ဝ၂၆ ခုနှစ်၊ မတ်လအထိ နောက်ပိုင်းလများတွင် တစ်လလျှင် တန်ချိန် ၃ သိန်းစီ ပြည်ပတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရေး ကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နှင့်ဆန်ကွဲ တန်ချိန် သုံးသန်းခန့်တင်ပို့ရန် လျာထားဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးကို အသုံးမပြုနိုင်ဘဲ ပင်လယ်ရေကြောင်းမှသာ တင်ပို့နေရကြောင်း သိရပါတယ်။

image