ယခုဖော်ပြထားတဲ့ ဓါတ်ပုံဟာ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး ZWO အာကာသဓာတ်ပုံဆု အ​ဖြစ်ဆုချီးမြင့်ခြင်းခံခဲ့ရတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
ဒီပုံကို တော့ တရုတ်အမျိူးသား အာကာသလေ့လာသူတွေ ဖြစ်တဲ့ Weitang Liang, Qi Yang and Chuhong Yu တို့သုံးယောက်ဟာ စပိန်နိုင်ငံ က နက္ခတ်တာရာမျှော်စင်တစ်ခုကနေ ရိုက်ယူထားတာဖြစ်ပြီး ကမ္ဘာနဲ့ အလင်းနှစ် ၂.၆သန်း အကွာက ဂလက်ဆီအိမ်နီးချင်းတစ်ခုဖြစ်တဲ့ Andromeda ဂလက်ဆီရဲ့ အာကာသဓာတ်ပုံဖြစ်ပါတယ်။
ဒီဓါတ်ပုံထဲမှာ Andromeda ဂလက်ဆီရဲ့ အတွင်းဗဟိုအစိတ်အပိုင်းတွေရဲ့အချက်အလက်တွေကို သေသေချာချာ အသေးစိတ်ကျကျ ရရှိအောင် အချင်းလက်မ ၂၀ ခန့်ရှိတဲ့ မှန်ပါတဲ့ တယ်လီစကုတ်ကိုအသုံးပြုပြီး နာရီ ၄၀ ခန့် အချိန်ယူရိုက်ကူးယူခဲ့တာဖြစ်ပါတယ်။
ZWO astronomy photography ပြိုင်ပွဲဟာ ၂၀၀၉ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး UKနိုင်ငံအခြေစိုက် Royal observatory Greenwich မှ ကြီးမှူးကျင်းပတဲ့ အာကာသဓာတ်ပုံပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
အာကာသနဲ့ သိပ္ပံ မဂ္ဂဇင်းအယ်ဒီတာများ၊ထင်ရှားတဲ့ ဓါတ်ပုံဆရာ များနဲ့ ပညာရှင်တွေ များစွာ အကဲဖြတ်ဆုံးဖြတ် အမှတ်ပေးတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်ကစတင်ကာ အကောင်းဆုံးဓာတ်ပုံဆုရှင်ကို ဆုကြေးငွေ ပေါင် တစ်သောင်း(အမေရိကန်ဒေါ်လာ ၁၄၀၀၀ခန့်) ချီးမြင့်ခဲ့ပါတယ်။
အကောင်းဆုံးကဏ္ဏအလိုက် ဆုတွေအပြင် အကောင်းဆုံးဆု (Overall Winner)၊ အကောင်းဆုံး လူသစ်တန်း ဆု (Best Newcomer) နှင့် လူငယ်ကြယ်တာရာဓာတ်ပုံဆရာဆု (Young Astronomy Photographer of the Year) စတဲ့ ဆုတွေလည်းရှိပါသေးတယ်။
အခုနှစ်အတွက် အကောင်းဆုံးဆုအဖြစ်ရရှိသွားခဲ့တဲ့ Andromeda ဂလက်ဆီကြီးကိုရိုက်ကူးယူထားတဲ့ အာကာသဓာတ်ပုံဟာလည်း တစ်ခြားပြိုင်ပွဲကဏ္ဏအမျိုးအစားတစ်ခုဖြစ်တဲ့ ဂလက်ဆီ တွေ အကြောင်း သီးသန့် ကဏ္ဏမှာလည်း အနိုင်ရခဲ့ပါတယ်။

image