မျိုးစေ့🥔🥔🌱🌱🌱ရောဂါဒဏ်ခံနိုင်သော အထွက်ကောင်းမျိုးကို ရွေးချယ်စိုက်ပျိုးပါ။ ဥပမာ-ဟော်လန်မျိုး၊ မလေးရှားမျိုး။ ပြန်လည်စိုက်ပျိုးရန်အတွက် မျိုးကို ဆွဲသီး၊ ဂေါ်လီအရွယ်ကို ရွေးချယ်ပါ။
မြေပြုပြင်ခြင်း
သဲနုန်းမြေ၊ မြေနီသဲဝန်းများကို ကြိုက်နှစ်သက်သည်။ ထယ်ရေး၊ ထွန်ရေး ကောင်းကောင်းဆောင်ရွက်ပါ။ ၁ ပေ ၁ ပေခွဲ စိုက်တန်း၊ ထယ်ကြောင်း များ ဆွဲပါ။
စိုက်ချိန်🥔🥔🥔
ရေအာလူး - နိုဝင်ဘာ၊ ဒီဇင်ဘာ။
မိုးအာလူး - မတ်၊ ဧပြီ။
စကအာလူး - ဇူလိုင်၊ သြဂုတ်။
ဆောင်းအာလူး - စက်တင်ဘာ၊ အောက်တိုဘာ။
စိုက်ပျိုးခြင်း🌱🥔
စိုက်တန်း ထယ်ကြောင်းအတွင်း မြေခံမြေသြဇာ၊ လောင်၊ တော်ပီဒို ၃ ဂျီအာ ထည့်ပါ။ အပေါ်မှ နွားချေးမှုန့်များ ထည့်ပါ။ နွားချေးအပေါ်မှ အာလူးမျိုးဥများကို တစ်လုံးနှင့် တစ်လုံး ၄ လက်မ၊ ၆ လက်မခြား၍ ထည့်ပါ။ မျိုးဥများထည့်ပြီးလျှင် မြေပြန်ဖို့ပေးပါ။ မြေပြန့်ဆောင်း အာလူး များ စိုက်ပျိုးရာတွင် စိုက်ကွက်များ ဖော်၍ မြေဆွေးများ ထည့်ပေးပြီး ရေသွင်းမြောင်းများ၊ ကန်သင်းများဖော်၍ စိုက်ပျိုးနိုင်သည်။
အပင်ပြုစုခြင်း🌱
အပင်ပေါက်စုံပြီး ၅-၁၀ ရက်သားတွင် ပေါင်းပေါက်၊ ဘောင်လုံးပေးရပါမည်။ အာလူးပေါင်းရှင်းရန်အတွက် အာလူးပေါင်းသတ်ဆေးအသုံးပြုပေးနိုင်ပါသည်။
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ
မြေပြင်ချိန်တွင် နွားချေးလှည်း (၇-၁၀) စီး ထည့်ပါ။
စိုက်ကြောင်းအတွင်း မြေခံအဖြစ် ကောမက် စွမ်းအား (၁၅၀-၂၀၀) ကီလို နှင့် ကောမက် ဂျစ်ပ်ဆမ် (၅၀-၇၅)ကီလိုအသုံးပြုပါ။ ဘောင်လုံးချိန် (၂၅-၃၀) ရက်သား တစ်ဧကလျှင် ကောမက်ပရီမိုလိုက် ၅၀ ကီလို + ကောမက်ထွက်တိုးဂျီ-၄၅ (၂၅) ကီလို အသုံးပြုပြီး ဘောင်လုံးပါ။
အပင်ပေါက်ပြီး (၁၅)ရက်သားမှစ၍ထိုင်းနိင်ငံထုတ်(Transform-1အစိမ်းရောင်) အပင်ရွက်ဖျန်းအားဆေး(၁)မျိုးထဲကို (၇-၁၀) ရက်ခြား တစ်ကြိမ်နှုန်း ဖျန်းပါ။
အာလူးဥများ ကြီးထွား၍ အထွက်နှုန်း မြင့်မားစေရန် ပန်းမပွင့်ခင်ချိန်၌ #transformplus -2အဝါရောင်ဥအားဆေးကို သုံးစွဲပေးပါ
နုတ်သိမ်းခြင်း
အပင်များနွမ်း၍ ကျသွားချိန်တွင် နုတ်သိမ်းနိုင်ပါသည်။ ဈေးကွက်အခြေအနေအရ ဈေးကောင်းပါက အပင်ကျချိန် စောစော နုတ်သိမ်းနိုင် သည်။
(သို့မဟုတ်ပါက ဈေးစောင့်၍ နောက်ကျမှလည်း ရိတ်သိမ်းနိုင်ပါသည်။
