ပျက်စီးခြင်းမှာပဲ ဆုံးကြရမှာပါနော်
***********************
လူထဲက လူတွေပါပဲ
ဘာမှ သိပ်လည်းထူးမခြားသွားပါဘူး ။
ဆေးကုတတ်လို့ ဆရာ၀န်ဖြစ်တယ်
စီးပွားရေးလုပ်တတ်လို့ သူဌေးဖြစ်တယ် ။
ရာထူးတိုးလို့ အရာရှိတွေဖြစ်ကြတယ်
ကံဥာဏ်၀ီရိယမွဲလို့ သူဆင်းရဲ ဖြစ်ကြရတယ်နဲ့
ပညတ်ချက်တွေအလိုက် ကွာသွားရုံပါပဲ ။
ဆရာ၀န်လည်း နာတတ်သလို
သူဌေးကြီးလည်း မွဲတတ်ပါတယ် ။
အရာရှိလည်း နေရာမမြဲသလို
ဆင်းရဲတဲ့သူလည်း ပျက်ကြရမှာပါပဲ ။
သစ္စာရှု့ထောင့်ကနေ ကြည့်လိုက်မယ်ဆိုရင်
အားလုံးက အိုနာသေမကင်းကြတဲ့
ဒုက္ခသစ္စာအမျိုးနွယ်တွေချည်းမဟုတ်လား ။
လှတဲ့အတွက်ကြောင့်လည်းမာန်မတက်နဲ့
လှလိုတဲ့အတွက်လည်း သိပ်မပြင်ကြနဲ့
အိုခြင်းကိုတော့ လက်မခံလို့ မရနိုင်ပါဘူး ။
ကျန်းမာနေလို့လည်း သိပ်၀မ်းမသာနဲ့
နာခြင်းကိုတော့ မလွန်ဆန်နိုင်ကြပါဘူး ။
တွေ့ဆုံရလို့လည်း သိပ်မပျော်နဲ့
ခွဲခွာခြင်းကိုတော့ မကျော်နိုင်ကြပါဘူး ။
အရာရာဟာ သင်္ခါရတရားတွေမို့
ပျက်စီးမှုဆီမှာပဲ အဆုံးသတ်ကြရမှာပါနော်။
🙏 သာရ ဂ ဝေ သီ 🙏
