3 d - Translate

၉ နှစ်အရွယ်ကတည်းက ကောလိပ်မှာ ပညာသင်ခွင့်ရနေတဲ့ ကလေးငယ်
အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်မှ ၉ နှစ်အရွယ် ကလေးငယ် အိုက်ဒင်ဝီလ်ကင်ဟာ အာဆီးနက်ကောလိပ်မှာ အာရုံကြောသိပ္ပံ ဘာသာရပ် သင်ယူလျက်ရှိပါတယ်။ ဝီလ်ကင်ဟာ အသက် ၂ နှစ်အရွယ်ကတည်းက ဘယ်သူမှ သင်ကြားပေးထားခြင်းမရှိဘဲ စာဖတ်နိုင်စွမ်း ရှိခဲ့သူပါ။
အသက် ၃ နှစ်အရွယ်ကတည်းက ခန္ဓာဗေဒ ဗီဒီယိုတွေကို စိတ်ဝင်တစား ကြည့်ရှုလေ့ရှိတဲ့ ဝီလ်ကင်ဟာ လူ့ဦးနှောက်ရဲ့ အလုပ်လုပ်ပုံအကြောင်း အလွန်စိတ်ဝင်စားခဲ့ပါတယ်။ သူဟာ တစ်ဖက်မှာ အထက်တန်းကျောင်း ပညာရေး သင်ယူရင်း တစ်ပတ် ၃ကြိမ်နှုန်း ကောလိပ်မှာ စာသွားသင်နေတာပါ။ သူဟာ အာဆီးနက်ကောလိပ်သမိုင်းမှာ အသက်အငယ်ဆုံး ကျောင်းသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ရည်မှန်းချက်ကတော့ ကလေးအာရုံကြော ခွဲစိတ်ဆရာဝန် ဖြစ်ချင်တာပါတဲ့။

image