ရေးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတို့ နေအိမ်ထဲအထိ ဝင်ရောက်ပစ်သတ်ခံရ
စက်တင်ဘာလ ၁၅
မွန်ပြည်နယ်၊ ရေးမြို့နယ်က အံဒင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဆိုသူတို့ နေအိမ်ထဲအထိ ဝင်ရောက်ပစ်သတ်ခံခဲ့ရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်က စက်တင်ဘာ ၁၄ ရက်နေ့ည ၇ နာရီလောက်မှာ အံဒင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ရှိန်ဟာ နေအိမ်မှာရှိနေချိန် သေနတ်နဲ့လာရောက်ပစ်သတ်ခံရတာဖြစ်ပြီး အံဒင်းကျေးရွာအုပ်စုက ရာအိမ်မှူးဖြစ်သူ ဦးသောင်းစိန်ကိုလည်း လာရောက်ပစ်သတ်သွားတာဖြစ်တယ်လို့သိရပါတယ်။
အုပ်ချုပ်ရေးမှူးဆိုသူက ညာဘက်နားနဲ့ ဂျိုင်းအောက်ကို ကျည်တချက်စီမှန်တယ်။ ရာအိမ်မှုးဆိုသူက ကျည်ဖောက်ဝင်ဒဏ်ရာတွေရတယ်။အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီးဆုံးပါတယ်။ဘာကြောင့်သတ်လဲ ဘယ်သူသတ်လဲတော့မသိပါဘူးဗျ။ လို့ ဒေသခံကပြောပါတယ်။
အမည်မသိလက်နက်ကိုင်ထားသူတွေက ဆိုင်ကယ်နဲ့လာရောက်ပြီး ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်ကြောင်း ၊လက်ရှိမှာ အသတ်ခံရတဲ့ သေဆုံးသူရုပ်အလောင်းတွေကို ဆေးရုံကိုပို့ထားတယ်လို့သိရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ရေးကို ရွေးကောက်ပွဲကိစ္စအတွက်သွားရောက်ခဲ့တဲ့ PPP ပါတီမှ မွန်ပြည်နယ်ဥက္ကဋ္ဌဖြစ်အပါအဝင် လေးယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ရေး - သံဖြူဇရပ် လမ်းပိုင်းမှာ ဖမ်းဆီးမှုဖြစ်စဥ်ရှိခဲ့ပါတယ်။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
